#World_Health
Published 07 June 2024


▪️ အမေရိကန်မှာ လိင်မှတဆင့် ကူးစက်ရောဂါများ(STD) မထိန်းချုပ်နိုင်ဘဲ ပြန့်ပွားနေတယ်လို့ STD ညွန့်ပေါင်းညွှန်ကြားရေးမှူးများအဖွဲ့က ကြေညာလိုက်ပါတယ်။

 

▪️ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC)ရဲ့ အချက်အလက်များအရ အမေရိကန်မှာ ဆီးပူညောင်းကျဂနိုရောဂါ၊ ကာလသားရောဂါ၊ ကလာမိုက်ဒီးယားရောဂါများ ဖြစ်ပွားသူ ၂ သန်းခွဲကျော်ရှိနေပါတယ်။

 

▪️ အမေရိကန်မှာ ကလာမိုက်ဒီးယားက အဖြစ်အများဆုံး STD ရောဂါအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့ရာ လတ်တလောမှာ ကာလသားရောဂါ အဖြစ်များလာတာကလည်း စိုးရိမ်လာရပါတယ်။

 

▪️ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကာလသားရောဂါ ဆစ်ဖလစ်ဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်း ပိုများလာပါတယ်။

 

▪️ လိင်မှတဆင့် ရောဂါကူးစက်မှု (STI)တွေက အရွယ်ရောက်ပြီးသူများကြောင့် ကူးစက်တာဖြစ်ပေမယ့် မွေးကင်းစကလေးတွေမှာလည်း ဆစ်ဖလစ် ဖြစ်နိုင်ခြေ ရှိနေပါတယ်။

 

▪️ မိခင်ကိုယ်ဝန်ဆောင်စဥ် ကာလသားရောဂါက ကလေးကိုပါ ကူးစက်တတ်ကာ မွေးရာပါဆစ်ဖလစ်ရောဂါ ဖြစ်တတ်ပါတယ်။

 

▪️ ကလေးငယ်တွေရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်စရာကောင်းလာပြီး မွေးရာပါဆစ်ဖလစ် ဖြစ်ပွားမှုက တစ်နှစ်ကို ၃၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

 

▪️ ထိုရောဂါကူးစက်မှုများကြောင့် ၂၀၂၂ အတွင်း ကလေးအသေမွေးခြင်းနဲ့ မွေးကင်းစအရွယ် သေဆုံးခြင်း ၂၈၂ ယောက်ရှိခဲ့ပါတယ်။

 

▪️ ကိုယ်ဝန်ဆောင်စဥ် အချိန်ကိုက် ရောဂါစစ်ဆေးခြင်းနဲ့ ကုသမှုခံယူခြင်းက ထိုအဖြစ်အပျက်တွေကနေ ၈၈ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။

 

▪️ အစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ကနေ လိုအပ်တဲ့ ထိန်းချုပ်ကာကွယ်ရေးများ မချမှတ်သေးသရွေ့ STD ရောဂါတွေကို ထိန်းချုပ်ရန် ခက်ခဲနေမှာဖြစ်ပါတယ်။

 

#Source: WION