၅ ဇွန် ၂၀၂၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တွေးသိနိုင်စွမ်း ဆုတ်ယုတ်ကျဆင်းလာမှုနှင့်ပတ်သက်ပြီး အင်္ဂါနေ့က ထုတ်  ဝေတဲ့ ဝေါစထရိ ဂျာနယ်မှာ အသေးစိတ်ဖော်ပြထားခြင်းကြောင့် အချို့ကို တုန်လှုပ်သွားစေပါတယ်။

ဝေါစထရိဂျာနယ်က အသက် ၈၁နှစ်အရွယ်ရှိသမ္မတဘိုင်ဒင်ကို ပြီးခဲ့တဲ့လများအတွင်းပြောဆိုဆက်ဆံခဲ့ကြ  တဲ့ ရီပတ်ဗလီကင်နှင့်ဒီမိုကရက်အမတ်၄၅ဦးနီးပါးမျှကို တွေ့ဆုံမေးမြန်းပြီး သတင်းရေးသားခဲ့တာ ဖြစ်ပါ    တယ်။ အဲဒီသူတွေက ဘိုင်ဒင်ဟာ တွေးသိနိုင်စွမ်းသိသိသာသာကျဆင်းလာနေတာကို သတိပြုမိခဲ့ကြ တယ်လို့   ပြောပါတယ်။

အစည်းအဝေးတွေမှာ သမ္မတနှင့်ပြောဆိုခဲ့ကြတဲ့ သမ္မတရဲ့လုပ်ဖော်ကိုင်ဖက်တွေနှင့်အမတ်တွေက သမ္မတ ဘိုင်ဒင်ဟာ   စကားပြောတာ အတော်တိုးသွားပြီး ဘာပြောနေတယ်ဆိုတာကိုနားလည်ဖို့ အတော်ခက်ခဲလာ   တယ်လို့   ပြောကြပါတယ်။

သမ္မတအနေနှင့် မူဝါဒအသေးစိတ်တွေကို မိမိရရရှိမှုနှင့် ပြုမူပုံတွေဟာ တစ်နေ့နှင့်တစ်နေ့မတူတော့ဘူးလို့ ပြောကြပါတယ်။ သူဟာ ကွန်ဖရင့်တွေအတွင် မှတ်စုတွေကို အတော်အားထားပြောလာရပြီး သူ့လက်    ထောက်တွေဆီက အကူအညီပြန်ယူနေရတယ်လို့ အခြားသူတွေကလည်း ဝေါစထရိကို ပြောပြကြပါတယ်။

အစည်းအဝေးတစ်ခုတက်ခဲ့ရတဲ့ အခြားသူတွေက “ဘိုင်ဒင်ဟာ အစည်းအဝေးခန်းမထဲရောက်လာပြီး အစည်း အဝေးစတင်ဖို့ ဘိုင်ဒင်ဟာ အချိန်၁၀မိနစ်ယူနေရတယ်” လို့ပြန်ပြောပါတယ်။သူဟာ လူတွေသဘောတူထား   ပြီး   ဖြစ်တဲ့ သိထားပြီးသားအချက်အလက်တွေကို ပြောဖို့ မှတ်စုကတ်ပြားတွေ သုံးနေရတယ်လို့ဆိုပါတယ်။

အခန်းထဲမှာရှိသူတွေဟာ အစည်းအဝေးမှာ သူဘာတွေပြောနေတယ်ဆိုတာကို သဲသဲကွဲကွဲမကြားရဘူးလို့ လည်း သူတို့ကထပ်ဖြည့်ပြောပါတယ်။

“ ပြောကြဆိုကြတာ တော်တော်များများမှာ သူမပါဘူး။ သူတိုက်ရိုက်ဖြေရမယ့်မေးခွန်းတွေကိုတောင် သူက သူ့ဝန်ထမ်းတွေကိုဖြေခိုင်းတယ်”

တစ်ခါတုန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဗလီကင်အမတ်မိုက် ဂျွန်ဆင်က သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုမူဝါဒဟာ ရုရှားကို အကျိုးရှိသွားစေမှာကိုစိတ်ပူမိလို့ မေးမိတဲ့အခါ သမ္မတကြည့်ရတာ မူဝါဒကို သိပ် သတိထားမိပုံမပေါ်ဘူးလို့ မိုက်ဂျွန်ဆင်ကပြောပါတယ်။ သူက “မူဝါဒ”ကိုလေ့လာနေတုန်းပါလို့ပြန်ဖြေခဲ့ ပါ တယ်။ တကယ်တမ်းတော့အဲဒီမူဝါဒက ကျင့်သုံးအသက်ဝင်ပြီးသားဖြစ်နေတာလို့ မိုက်ဂျွန်ဆင်က ဆက် ပြောပါတယ်။

ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့မေလက အကြွေးကန့်သတ်ချက်တိုးပေးဖို့ အပေးအယူလုပ်နေတဲ့ ဆွေးနွေးမှုတစ်ခုမှာ တောင်စဉ်ရေမရတွေပြောတာ ဗလုံးဗထွေးတွေဖြစ်နေတာတွေနှင့် အစည်းအဝေးကို ဦးဆောင်မှုမပေးနိုင် ဖြစ်ခဲ့တယ်လို့ ယခင်အောက်လွှတ်တော်ဥက္ကဋ္ဌ ကေဗင် မက်ကာသီက ပြောပါတယ်။

သူ့ဆီမှာ အမြဲမှတ်စုကတ်ပြားတွေဆောင်ထားရတယ်လို့ မက်ကာသီက အမေရိကန်သမ္မတရဲ့ မှတ်စုကို အားကိုးအားထားလုပ်နေရပုံကို ထောက်ပြပြောဆိုပါတယ်။

“သူဟာ အခြားနည်းလမ်းတစ်ခုနှင့် စေ့စပ်ညှိနှိုင်းမှုမလုပ်နိုင်ဘူး။ သူ ဒုသမ္မတဖြစ်တုန်းက ကျွန်တော် သူနှင့်တွေ့နေကျဖြစ်တယ်။ ယခုဘိုင်ဒင်က အဲဒီတုန်းကဘိုင်ဒင်နှင့် မတူတော့ဘူး”လို့သူက   ဆက်ပြောပါ   တယ်။

ဘိုင်ဒင်ဆီကနေ အကြွေးကန့်သတ်ချက်အစီအစဉ်အသေးစိတ်ယူလာပေးဖို့ အမတ်တွေကို သူ တာဝန်ပေးခဲ့ တယ်လို့ မက်ကာသီကပြောပါတယ်။

ဘိုင်ဒင်နှင့်စကားပြောရတာ စိတ်ပျက်စရာပဲ လို့ သူကပြောပါတယ်။ သမ္မတဟာ လုပ်ကိုင်ရတဲ့အပေါ် အကောင်းမြင်တယ်ဆိုတာ တစ်ခုတည်းပဲပြောတယ်လို့ မက်ကာသီကဆိုပါတယ်။

သူက ဟိုတော်တော်ကြာကြာတုန်းက ဖြစ်ပြီးသားကိစ္စဟောင်းတွေကို ပြန်သွားနေတာ” လို့ မက်ကာသီက ဝေါစထရိဂျာနယ်ကိုပြောဆိုခဲ့ပါတယ်။

Source WSJ/WION