#World_Science
Published 06 June 2024


▪️ အသည်းကင်ဆာ နောက်ပိုင်းအဆင့် ရောက်နေတဲ့အမျိုးသားတစ်ဦးဟာ ဝက်ရဲ့အသည်းဖြင့် အစားထိုးခွဲစိတ်မှုကို ပထမဆုံးခံယူသူ ဖြစ်လာပါတယ်။

 

▪️ မျိုးဗီဇဆိုင်ရာ အချက်အလက်များ ပြုပြင်ထားတဲ့ ဝက်ရဲ့အသည်းကို လူနာထံ အစားထိုးခွဲစိတ်ပေးခဲ့တာ ဖြစ်တယ်လို့ တရုတ်ဆရာဝန်များက ပြောပြခဲ့ပါတယ်။

 

▪️ ဒါဟာ တိရိစ္ဆာန်တစ်မျိုးကနေ နောက်တစ်မျိုးသို့ အစားထိုးခွဲစိတ်ခြင်းဖြစ်စဥ်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။



▪️ အသည်းကင်ဆာ ခံစားနေရတဲ့ အသက် ၇၁ နှစ်အရွယ် လူနာတစ်ဦးက မေလ ၁၇ ရက်နေ့မှာ အင်္ဂါအစားထိုးခဲ့တယ်လို့ အန်ဟွေဆေးဘက်ဆိုင်ရာ တက္ကသိုလ်က WeChat မှာ ဖော်ပြခဲ့ပါတယ်။

 

▪️ လူနာက အထောက်အပံ့ မလိုအပ်ဘဲ လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း၊ ခန္ဓာကိုယ်က အင်္ဂါကိုလက်မခံတဲ့ လက္ခဏာမျိုး မတွေ့ရကြောင်း၊ သွေးခဲခြင်းစနစ် ယိုယွင်းမှုမရှိကြောင်း၊ အသည်းလုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

▪️ လူနာရဲ့အသည်း ဘယ်ဘက်ခြမ်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်ဘဲ သာမန်ကုသနည်းများဖြင့် အခြေအနေ မကောင်းမွန်တာကြောင့် ဝက်ဆီကနေ အသည်းအစားထိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ အင်္ဂါကိုလက်မခံတာမျိုးနဲ့ ပုံမှန်မဟုတ်တာမျိုး မဖြစ်စေရန်အတွက် ၅၁၄ ဂရမ်ရှိတဲ့ ဝက်အသည်းကို မျိုးဗီဇပြုပြင်မှု ၁၀ မျိုး ပြုလုပ်ခဲ့ပါတယ်။

 

▪️ မတ်လတုန်းက အမေရိကန်လူနာတစ်ဦးဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ဆီကနေ ကျောက်ကပ်အစားထိုး ခွဲစိတ်မှု ပထမဆုံးခံယူသူ ဖြစ်လာပြီး မေလမှာ သေဆုံးခဲ့ပေမယ့် အစားထိုးခွဲစိတ်မှုနဲ့တော့ မသက်ဆိုင်ဘူးလို့ ဆေးရုံက ဆိုပါတယ်။

 

#Source: WION