#World_Health
Published 05 June 2024


▪️ ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သလို ကျန်းမာရေးနဲ့ အိပ်စက်ခြင်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

 

▪️ ဆိုရှယ်မီဒီယာ အလွန်အကျွံ အသုံးပြုခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ နည်းလမ်းအမျိုးမျိုးဖြင့် သက်ရောက်လာနိုင်ပါတယ်။


 
▪️ (၁) စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာစတဲ့ စက်ပစ္စည်းများမှ ထွက်လာတဲ့ အလင်းပြာက အိပ်စက်မှုဟော်မုန်း မယ်လတိုနင်ထွက်ရှိမှုကို နှောင့်ယှက်ကာ အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။


 
▪️ (၂) ဆိုရှယ်မီဒီယာတွေ ကြည့်ရှုခြင်းကြောင့် ဦးနှောက်က ပိုမိုလှုပ်ရှားပြီး အိပ်ပျော်ဖို့ ခက်စေပါတယ်။


 
▪️ (၃) စိတ်ခံစားချက်များ ဖြစ်လွယ်စေကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာပြီး အိပ်မပျော်စေပါဘူး။


 
▪️ (၄) အွန်လိုင်းပေါ်မှာ ပြောဆိုငြင်းခုံနေတာတွေက စိတ်ပိုင်းဆိုင်ရာကို လှုံ့ဆော်ပေးပြီး အိပ်ချင်စိတ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။


 
▪️ (၅) အွန်လိုင်းပေါ်က အရေးကြီး အဖြစ်အပျက် သတင်းများကို လွတ်သွားမှာစိုးပြီး အဆက်မပြတ် ကြည့်နေရခြင်းက စိုးရိမ်စိတ်ကို ဖြစ်စေကာ စိတ်ပြေလျော့ဖို့ ခက်ခဲစေပါတယ်။


 
▪️ (၆) စိတ်ပျက်စရာသတင်းတွေ၊ အွန်လိုင်းမှာ အနိုင်ကျင့်ခံရတာတွေ၊ အဆိုးမြင်မှတ်ချက်တွေကြောင့် ဖိစီးမှုဖြစ်စေပါတယ်။


 
▪️ (၇) ဖုန်းနဲ့ ကွန်ပျူတာ ကြာရှည်အသုံးပြုခြင်းကြောင့် မျက်စိညောင်းခြင်း၊ ခေါင်းကိုက်ခြင်းစတာတွေ ခံစားရနိုင်ကာ ထိုဝေဒနာတွေကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။


 
▪️ (၈) ညဥ့်နက်တဲ့အထိ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကြောင့် အိပ်ချိန်နောက်ကျပြီး အိပ်စက်နိုးထခြင်းစက်ဝန်း ထိခိုက်စေပါတယ်။


 
▪️ (၉) အိပ်ချိန်နည်းသွားကာ အိပ်ရေးပျက်စေသဖြင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။


 
▪️ (၁၀) ဆိုရှယ်မီဒီယာတွေမှ အသိပေးချက်တွေက အိပ်ပျော်နေတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။

 

#Source: DoctorNDTV