#World_Health
Published 05 June 2024


▪️ အစ္စရေးလ်ကုမ္ပဏီတစ်ခုက သုတ်လွှတ်စောခြင်း ကုသမှုကိရိယာတစ်ခုကို တီထွင်လိုက်ကာ ယူကေမှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် အစ္စရေးလ်မှာလည်း စတင်ဖြန့်ချိတော့မှာ ဖြစ်ကြောင်း Virility Medical ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

 

▪️ in2 လို့အမည်ပေးထားတဲ့ ကိရိယာဟာ လက်တွေ့စမ်းသပ်ချက်များ ပြုလုပ်ထားပြီးဖြစ်ပြီး လိင်ဆက်ဆံချိန် ကြာမြင့်စေကာ ခံစားမှုအထွတ်အထိပ် ရောက်ရှိအောင် ကူညီပေးနိုင်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

 

▪️ သုတ်လွှတ်စောခြင်းဟာ အမျိုးသားများ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။

 

▪️ ထိုကိရိယာဟာ ချက်ချင်းသက်ရောက်မှုရှိကာ ဘေးထွက်ဆိုးကျိုးတွေနဲ့ နာကျင်မှု မဖြစ်စေပါဘူး။

 

▪️ ကွပ်ကွဲရေးအဖွဲ့များမှ အပြည့်အဝ အသိအမှတ်ပြုထားကာ အမေရိကန်မှာ ရောင်းချခြင်းအတွက် FDA ခွင့်ပြုချက်၊ ဥရောပမှာ ရောင်းချခွင့်၊ အစ္စရေးလ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုချက်တို့ ရရှိထားပါတယ်။

 

▪️ သုတ်လွှတ်စောခြင်းပြဿနာက ကမ္ဘာတဝှမ်းရှိ အမျိုးသားထုကြီးရဲ့ ၄ ပုံ ၁ ပုံလောက်မှာ ကြုံတွေ့နေရပါတယ်။

 

▪️ ထိုကိရိယာဟာ သုတ်လွှတ်စောခြင်း ပြဿနာအတွက် ကုသပေးမယ့် ပထမဆုံးကိရိယာဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနယ်ပယ်ထဲက အထူးကုဆရာဝန်တွေ၊ ပညာရှင်တွေ၊ ဦးဆောင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ထားတာ ဖြစ်တယ်လို့ Virility Medical စီအီးအို ရှာရွန်ရေဗစ်က ပြောပြပါတယ်။

 

▪️ in2 ရဲ့လုပ်ဆောင်ပုံက လျှပ်စစ်ဖြင့် ကြွက်သားလှုံ့ဆော်ခြင်း နည်းပညာကို သုံးထားပြီး တင်ပါးကြွက်သားတွေကို လှုံ့ဆော်ပေးကာ သုတ်လွှတ်ခြင်းကို နှောင့်နှေးအောင် စွမ်းဆောင်နိုင်စေပါတယ်။

 

▪️ ထိုနည်းပညာက ဓာတုပစ္စည်းများနဲ့ ဆေးဝါးများမပါဝင်သလို ကုသမှုခံယူသူတွေမှာ အခြေအနေ တိုးတက်လာတယ်လို့ ၂၀၁၈ ဘရာဇီးလ်လေ့လာချက်မှာ တွေ့ရှိထားပါတယ်။

 

▪️ အစ္စရေးလ်နဲ့ အီတလီမှာ ပြုလုပ်တဲ့ စမ်းသပ်ချက်များအရ ကိရိယာအသုံးပြုသူတွေဟာ သာမန်လူတွေထက် လိင်ဆက်ဆံချိန် ၃.၂၅ ဆပိုမိုကြာမြင့်ခဲ့ပြီး ခံစားမှုပိုမိုကောင်းမွန်ခဲ့ကြပါတယ်။

 

▪️ ဒီကိရိယာဟာ အမျိုးသားတွေရဲ့ ယုံကြည်မှုကို တိုးတက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ လျှော့ချနိုင်ဖွယ်ရှိတယ်လို့ စမ်းသပ်ချက်များအရ သိရှိရပါတယ်။

 

Source: The Jerusalem Post