Published 04 June 2024

ပလူတိုဂြိုဟ်ရဲ့ ရေခဲမျက်နှာပြင်အောက်မှာ ရေသမုဒ္ဒရာကြီး တည်ရှိတဲ့ အထောက်အထားကို နက္ခတ္တပညာရှင်များ တွေ့ရှိထားပါတယ်။

ဝါရှင်တန်တက္ကသိုလ်မှ အဲလက်စ်ငုယင်က ဦးဆောင်ကာ ပလူတိုရဲ့ မျက်နှာပြင်အောက် သမုဒ္ဒရာကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

ပလူတိုဂြိုဟ်က နေကို ၅.၉ ဘီလီယံ ကီလိုမီတာအကွာကနေ လှည့်ပတ်ပြီး တစ်ပတ်ပြည့်ဖို့ ကမ္ဘာ့သက်တမ်း ၂၄၈ နှစ်ခန့် ကြာမြင့်တတ်ကာ အချင်း ၂၃၇၂ ကီလိုမီတာ ရှိပါတယ်။

အဓိကအားဖြင့် ကျောက်များ၊ ရေခဲများဖြင့် ဖွဲ့စည်းထားပြီး နိုက်ထရိုဂျင်၊ မီသိန်း၊ ကာဗွန်မိုနောက်ဆိုဒ်တို့ဖြင့် ပါးလွှာတဲ့ လေထုရှိပါတယ်။

မျက်နှာပြင်အပူချိန်က အနုတ် ၂၂၀ ဒီဂရီဆဲလ်စီးယပ်စ်လောက်အထိ အေးတာကြောင့် ဓာတ်ငွေ့များအေးခဲကာ အရည်မတည်ရှိနိုင်ဘူးလို့ သိပ္ပံပညာရှင်များ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ မကြာသေးမီက တွေ့ရှိချက်များအရ ရေခဲမျက်နှာပြင်အောက်မှာ ရေသမုဒ္ဒရာကြီး ရှိနေနိုင်တယ်လို့ ယူဆလာကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ဘီလီယံခန့်က ဧရာမဥက္ကာခဲကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ဝှမ်းကြီးဟာ သမုဒ္ဒရာရှိစေတယ်လို့ ဖော်ပြနေပါတယ်။

ပလူတိုရဲ့ သမုဒ္ဒရာက ကမ္ဘာမြေက ပင်လယ်ရေထက် ၈ ရာခိုင်နှုန်းလောက် ပိုမိုသိပ်သည်းတယ်လို့ မှတ်ယူကြပါတယ်။

အာကာသအေဂျင်စီတွေအနေနဲ့ ပလူတိုသို့ သွားရောက်မယ့်အစီအစဥ် မရှိသေးပေမယ့် အနာဂတ် စူးစမ်းလေ့လာရေးနဲ့ သုတေသနတို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပါတယ်။

ပလူတိုမှာ အခုလိုမျိုး ရေသမုဒ္ဒရာကြီး တွေ့ရှိတာဟာ ယင်းရဲ့ဂြိုဟ်အတွင်းပိုင်း တည်ဆောက်ပုံများနဲ့ ဖြစ်စဥ်များကို ပြန်လည်သုံးသပ်ဖို့ ဖြစ်လာပါတယ်။
Source: WION.
#World_Science
#Published 04 June 2024
#YMG #Yangon_Times #Yangon_Media_Group