Published 04 June 2024

အသီးအနှံတွေနဲ့ ဟင်းရွက်တွေက အာဟာရမျှတစေတဲ့ အစားအစာတွေ ဖြစ်သလို ညီညွတ်မျှတစွာ အိပ်စက်ဖို့အတွက်လည်း အရေးကြီးပါတယ်။

ဖင်လန်တက္ကသိုလ်မှ သုတေသီများက အသက် ၁၈ နှစ်အထက် လူပေါင်း ၅၀၄၃ ဦးကို လေ့လာခဲ့ကြပါတယ်။

ယင်းတို့ရဲ့ စားသောက်ပုံများနဲ့ အိပ်စက်ပုံတို့ကို နှိုင်းယှဥ်ခဲ့ကြပါတယ်။

ပုံမှန်အတိုင်း အိပ်စက်သူတွေထက်စာရင် အိပ်ချိန်နည်းတဲ့သူတွေက တစ်နေ့ကို အသီးနဲ့အရွက် ၃၇ ဂရမ်ပိုမို နည်းပါးစွာ စားသုံးပြီး အိပ်ချိန်ကြာရှည်တဲ့ သူတွေကတော့ ၇၃ ဂရမ် ပိုနည်းပါးစွာ စားသုံးကြပါတယ်။

ဒါကြောင့် ပုံမှန်အိပ်ချိန်နဲ့ သွေဖည်သွားတဲ့ လူတွေမှာ အသီးအနှံနဲ့ ဟင်းရွက်စားသုံးခြင်း နည်းပါးတာကို တွေ့ရှိရပါတယ်။

ညအိပ်ချိန် ၇ နာရီထက်နည်းခြင်း၊ ၉ နာရီထက်များတို့ကို ပုံမှန်အိပ်ချိန်ကနေ သွေဖည်တယ်လို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဖင်လန်THL ဆေးရုံမှ သုတေသန ပရော်ဖက်ဆာ တီမိုပါတိုနင်က မှတ်ချက်ပြုပါတယ်။

တွေ့ရှိချက်များအရ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အသီးအရွက် များများစားသင့်ပါတယ်။

နယူးဂျာစီမှ အာဟာရပညာရှင် အယ်ရင်ပယ်လင်စကီဝိတ်ဒ်က အသီးအရွက်တွေမှာ အာဟာရဓာတ် အမျိုးမျိုး ပါဝင်ပြီး အချို့အသီးတွေဆိုရင် အိပ်စက်မှုကို ထိန်းညှိပေးတဲ့ မယ်လတိုနင်ဟော်မုန်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဟင်းနုနွယ်၊ ကိုက်လံတို့လို အစိမ်းရင့်ရောင် အရွက်တွေမှာဆိုရင် အိပ်စက်ခြင်းကို ထောက်ပံ့ပေးတဲ့ မဂ္ဂနီဆီယမ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဟင်းနုနွယ်နဲ့ ခရမ်းချဥ်သီးတို့မှာပါတဲ့ ထရစ်ပ်တိုဖန် အမိုင်နိုဆက်ဆစ်ဆိုရင် ခန္ဓာကိုယ် ပြေလျော့စေကာ အိပ်ပျော်စေရန် ကူညီပေးပါတယ်။
Source: New York Post.
#World_Health
#Published 04 June 2024
#YMG #Yangon_Times #Yangon_Media_Group