Published 03 June 2024

လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားခြင်း၊ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာများ လျှော့စားခြင်းတို့က ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာများ၊ အရက်သေစာများ၊ အချိုဓာတ်များကိုလည်း ရှောင်ရှားသင့်ပါတယ်။

ဒါကြောင့် လူကိုကျန်းမာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မယ့် စားစရာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ငရုတ်ပွနီ- ဗိုက်တာမင် စီ၊ အေ၊ ဘီတို့ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

(၂) လိမ္မော်သီး- ဗိုက်တာမင်-စီနဲ့ အခြားအာဟာရဓာတ်တွေ ကြွယ်ဝပြီး အလုံးလိုက် စားသင့်ပါတယ်။

(၃) ဂရိတ်ဖရုပန်းရောင်သီး- အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗိုက်တာမင်-စီများ ပါဝင်ပြီး ဗိုက်တာမင်-အေလည်း ပါဝင်ပါတယ်။

(၄) ပန်းသီး- ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး တစ်နေ့တစ်လုံးစားခြင်းကို သိပ္ပံနည်းအရ ထောက်ခံထားကြပါတယ်။

(၅) ကြက်ဥ- ဗိုက်တာမင်-ဒီ ပါဝင်တာကြောင့် နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

(၆) ဘလူးဘယ်ရီ- ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်တဲ့အပြင် အအေးမိဖျားနာခြင်းမှ ကာကွယ်ပေးပါတယ်။

(၇) ဒိန်ချဥ်- ကောင်းကျိုးပြု ဘက်တီးရီးယားများ ပါဝင်ကာ အအေးမိခြင်းကို ကာကွယ်ပေးပါတယ်။

(၈) ချောကလက်- သူ့မှာပါတဲ့ သီယိုဘရိုမင်းက ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

(၉) ပန်းဂေါ်ဖီစိမ်း- ဂေါ်ဖီမျိုးနွယ်တွေက အအေးမိခြင်းမှ ကာကွယ်နိုင်ပါတယ်။

(၁၀) ဟင်းနုနွယ်- ဗိုက်တာမင် အေ၊ ကေ၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယံ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စသဖြင့် အာဟာရအများအပြား ပါဝင်ပါတယ်။

(၁၁) ခရမ်းချဥ်သီး- ဗိုက်တာမင် စီပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

(၁၂) ကြက်သွန်ဖြူ- ပုံမှန်စားသုံးသူတွေက အခြားသူတွေထက် ဖျားနာတာမျိုး အဖြစ်နည်းပါတယ်။

(၁၃) ပေါင်မုန့်ကြမ်း- ဂျုံသီးနှံတွေမှာ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိရှိတာကြောင့် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

(၁၄) လက်ဖက်ခြောက်အကြမ်းရည်နှင့် ဂျင်းပြုတ်ရည်- ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိများ ပါဝင်ပါတယ်။  
Source: New York Post.
#World_Health
#Published 03 June 2024
#YMG #Yangon_Times #Yangon_Media_Group