၂ ဇွန် ၂၀၂၄

ဆားကိုလျှော့စားဖို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆားအငန်ဓာတ်အရသာကို လျှပ်စစ်လှုံ့ဆော် မှုမှတစ်ဆင့် တိုးမြှင့်ပေးနိုင်မယ့် ဇွန်းတစ်မျိုးကို ဂျပန်နိုင်ငံမှာ ကီရင်ဟိုးလ်ဒင်းကုမ္ပဏီက မေလမှာ ဈေး ကွက်တင်ရောင်းချနေပြီဖြစ်ပါတယ်။

“ လျှပ်စစ်ဆားဇွန်း” လို့အမည်ပေးထားတဲ့ အဲဒီဇွန်းဟာ ဇွန်းရဲ့ထိပ်ဖျားကနေတစ်ဆင့် အားနည်းတဲ့ လျှပ်စီး ဖြတ်စီးစေခြင်းဖြင့် အလုပ်လုပ်ပေးပါတယ်။ အသုံးပြုသူတွေဟာ သူတို့နှစ်သက်တဲ့ အငန်ဓာတ်အဆင့်ကို လေးဆင့် အထိရွေးချယ်ပေးနိုင်တယ်လို့ အဆိုပါကုမ္ပဏီကပြောပါတယ်။

ကုမ္ပဏီက အဆိုပါ တူလိုပုံစံမျိုး ကိရိယာကလေးကို တီထွင်ထားတယ်လို့ ၂၀၂၂ကပြောဆိုထားခဲ့ပါတယ်။ ယခု ဇွန်းတစ်ချောင်းကို ယန်းငွေ ၁၉၈၀၀ ( အမေရိကန်ဒေါ်လာ ၁၂၆ ) နှင့်ရောင်းချပေးနေပါတယ်။

အဲဒီ လျှပ်စစ်ဆားဇွန်းကို ယမန်နှစ်က အဟာရဆိုင်ရာနိုဗယ်ဆုပူးတွဲရရှိခဲ့တဲ့ မေဂျီတက္ကသိုလ် ပါမောက္ခ ဟိုမေ မီယာရှီတာနှင့်အတူပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီဟာ မေလ ၂၀ရက်ကစပြီး အွန်လိုင်းကနေ အမှာတွေလက်ခံပေးနပါတယ်။ ယခု လောလောဆယ် ဇွန်းအချောင်း ၂၀၀ ရောင်းဖို့ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ ဆားအလွန်အကျွံစားသုံးခြင်းဟာ အရေးတကြီး ကျန်းမာရေးပြဿနာဖြစ်လာနေပါတယ်။ အသက်၂၀နှင့်အထက် လူတစ်ယောက်ဟာ တစ်ရက်ကို ဆား ၁၀ဂရမ် ပျှမ်းမျှစားသုံးနေပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံပေးထားတဲ့ ပမာဏထက် ၅ ဂရမ်များနေပါတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကသိရပါတယ်။

ဒါပေမယ့် ဆားလျှော့ထည့်ဖို့ကြိုးစားတဲ့သူတွေဆီက “ဟင်းလျာတွေက ဘာမှအရသာမရှိဘူး” ဆိုတဲ့  ညည်းညူသံတွေကြားလာနေရပါတယ်လို့ ကီရင်ကပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်စစ်တမ်းမှာဖော်ပြထားပါတယ်။

“ ဒီကိရိယာကလေးကနေ လူတွေဟာ အရသာရှိတဲ့ နည်းလမ်းတစ်ခုအနေနှင့် လူ့ဘဝဟန်ပန်ကို တိုးတက် စေလာနိုင်ဖို့ ရည်မှန်းထားပါတယ်” လို့ ကုမ္ပဏီကပြောပါတယ်။

Source  Japan Times