၂ ဇွန် ၂၀၂၄

ဘိုအင်းရဲ့ ပထမဆုံးသော အအာကာသယာဉ်မှူး ခရီးစဉ်ဟာ လွှတ်တင်ဖို့ မိနစ်အနည်းငယ်အလိုမှာ ဖျက်သိမ်းလိုက်ရပြီး အဲဒီလိုဖျက်သိမ်းလိုက်ရတာကြောင့်  ဆက်တိုက်အလုပ်တွေနောက်ကျကုန်ပါတယ်။

ဘိုအင်းရဲ့ စတားလိုင်နာ အာကာသယာဉ်အခန်းထဲကို နာဆာရဲ့ အာကာသယာဉ်မှူးနှစ်ဦးက နေရာယူထားပြီးချိန်  လွှတ်တင်ဖို့ သုံးမိနစ်နှင့် ၅၀စက္ကန့်အလိုမှာ ကွန်ပျူတာစနစ် ချို့ယွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒုံးလွှတ်စင်အနီးမှာရှိတဲ့ ကွန်ပျူတာအများကြီးတွေထဲက တစ်ခုကြောင့် နှောင့်နှေးခဲ့ရတာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ထပ်မံလွှတ်တင်ဖို့ ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။

နာဆာက ဘိုအင်းကို အာကာသစခန်းထဲ လူတွေကိုသယ်ပို့ပေးမယ့် ဒုတိယမြောက်ကုမ္ပဏီအဖြစ် သတ်မှတ်ဖို့ကြိုးစား နေတာဖြစ်ပြီး ပထမဆုံးအဖြစ် အယ်လ်လွန်မတ်စ်ရဲ့ စပေ့အိတ်ချ်က လွန်ခဲ့တဲ့လေးနှစ်က အလားတူခရီးမျိုး လွှတ်တင်ခဲ့ပြီး ဖြစ် ပါတယ်။

ဘိုအင်းဟာ ဒုတိယအကြိမ်မြောက်ကြိးစားမှုအဖြစ် ယခုလွှတ်တင်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဘိုအင်းရဲ့ ဒီအစီအစဉ်ဟာ နှစ်ပေါင်းများစွာနှောင့်နှေးနေခဲ့တာပါ။

Source: Wires