Published 02 June 2024
အခြေအနေ အမျိုးမျိုးကြောင့် မမျိုးဥတွေကို သိမ်းဆည်းအေးခဲချင်သူတွေ အနေနဲ့ နောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်ဖို့ မျှော်လင့်လာနိုင်ပါတယ်။ 
 
ဒါပေမဲ့ ဆန်းစစ်ချက်များအရ အသက်ကြီးတဲ့အခါမှ မျိုးဥအေးခဲခြင်းက ထိရောက်မှု သိသိသာသာ ကျဆင်းသွားပါတယ်။ 
 
အသက် ၃၅ နှစ်အောက် ငယ်တဲ့အရွယ်မှာ မျိုးဥအေးခဲတဲ့ အမျိုးသမီး ၂ ဦးအနက် တစ်ဦးနှုန်းက ကလေးမွေးဖွားနိုင်ခဲ့ပြီး အသက် ၄၀ နဲ့အထက်မှ မျိုးဥအေးခဲတဲ့ အမျိုးသမီးတွေမှာတော့ ၅ ဦးမှာ ၁ ဦးနှုန်းသာ ကလေးရခဲ့ကြောင်း ဂျေရုဆလမ် ရှရီဇီဒက်ဆေးဖက်ဆိုင်ရာစင်တာမှ ဆရာဝန်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ 
 
ထိုဆေးရုံဟာ ဂျူးဥပဒေများနဲ့အညီ အမျိုးသမီးတွေကို မျိုးဥအေးခဲခြင်း လုပ်ဆောင်ပေးနေပါတယ်။ 
 
ကမ္ဘာတဝှမ်း သုတေသန အချက်အလက်တွေ သုံးသပ်အပြီးမှာတော့ အသက် ၃၅ နှစ်မတိုင်ခင် မျိုးဥအေးခဲခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ 
 
လေ့လာချက်များပြုလုပ်ခဲ့တဲ့ အမျိုးသမီး ၈၇၅၀ ဦးရဲ့ ပျမ်းမျှအသက်က ၃၈ နှစ်ရှိခဲ့ပါတယ်။ 
 
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အမျိုးသမီးတွေက နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်လာကြပြီး အသက် ၃၀ ကျော်လာတဲ့အခါ မျိုးအောင်နိုင်စွမ်းက တဖြည်းဖြည်း ကျဆင်းလာပါတယ်။ 
 
မျိုးဥထိန်းသိမ်းခြင်း နည်းလမ်းတွေ အဆင့်မြင့်လာပေမယ့် အသက်ကြီးလာတာနဲ့အမျှ မျိုးဥအရည်အသွေး ကျဆင်းသွားတာကိုတော့ မဖြေရှင်းနိုင်သေးပါဘူး။ 
 
မျိုးဥအေးခဲခဲ့တဲ့ အမျိုးသမီးတွေထဲက အနည်းငယ်ကသာ ယင်းတို့ရဲ့မျိုးဥကို အသုံးပြုခဲ့ကြတာကြောင့် ရရှိတဲ့ အထောက်အထားတွေက သိပ်ပြီးစိတ်မချရသေးပါဘူး။ 
 
ယခုနောက်ပိုင်းနှစ်တွေမှာ မျိုးဥအေးခဲထားချင်သူတွေ များပြားလာပြီး ငယ်ရွယ်စဥ်မှာ ပြုလုပ်သူတွေက မျိုးအောင်နိုင်ခြေများတယ်လို့ ပရော်ဖက်ဆာ အီဒိုဘင်အာမီက ပြောပြပါတယ်။ 
Source: The Jerusalem Post. 
#World_Health
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group