Published 2 June 2024 
 
ချောကလက်ပူသောက်ခြင်းဟာ ကိုယ်အလေးချိန် ကျစေနိုင်တယ်လို့ ပညာရှင်တစ်ဦးက ဆိုလိုက်ပါတယ်။
 
အမျှင်ဓာတ်များပါဝင်ပြီး ဆာလောင်စိတ်ကို ထိန်းချုပ်နိုင်တာကြောင့် တစ်နေ့တစ်ခွက် သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် ကျစေကြောင်း ကျန်းမာရေးနည်းပြ စတိဗ်ဘန်းနက်က The Sun ကို ပြောပြသွားပါတယ်။ 
 
ချောကလက်ပူမှာ ပါဝင်တဲ့ ကိုကိုးမှုန့်က အမျှင်ဓာတ် များစေတာ ဖြစ်ပါတယ်။ 
 
ဒါပေမဲ့ အချိုဓာတ်မပါဝင်တဲ့ ချောကလက်ပူဖြစ်ဖို့တော့ လိုအပ်ပါတယ်။ 
 
အမျှင်ဓာတ်က ကောင်းကျိုးပြု ဘက်တီးရီးယားများ ပေါက်ဖွားစေပြီး အစာခြေစနစ်ကို ထိန်းညှိပေးကာ ရေဓာတ်အလုံအလောက် စုပ်ယူပေးပါတယ်။ 
 
ဒါ့အပြင် စားသောက်ပြီးနောက် သွေးတွင်းသကြားဓာတ်ကို သိပ်ပြီးမမြင့်တက်စေဘဲ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ဖွယ် ရှိပါတယ်။ 
 
ချောကလက်ပူ မကြိုက်ရင်တော့ အမျှင်ဓာတ်ကြွယ်တဲ့ အခြားအစားအစာတွေဖြစ်တဲ့ ဘယ်ရီသီးများ၊ ပဲကြီး၊ အခွံမာသီး၊ အစေ့အဆံများ၊ အုတ်ဂျုံ၊ ထောပတ်သီးတို့ကို စားသုံးနိုင်ပါတယ်။ 
 
အမျှင်ဓာတ် များများစားပြီးရင် ရေအလုံအလောက် သောက်သုံးဖို့တော့ အရေးကြီးပါတယ်။ 
Source: New York Post.  
#World_Health
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group