Published 1 June 2024

လေထုညစ်ညမ်းခြင်းနဲ့ ကိုယ်ဝန်ဆောင်များကြား ဆက်စပ်နေပြီး မွေးဖွားလာတဲ့ ကလေးရဲ့ ကိုယ်အလေးချိန် ကျဆင်းပုံတို့ကို ဟီဘရူးတက္ကသိုလ် ဟာဒါဆာဘရွန် ပြည်သူ့ကျန်းမာရေးကျောင်းမှ ရောဂါဗေဒကျွမ်းကျင်သူများက ဆန်းစစ်ဖော်ပြလာကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေထုညစ်ညမ်းမှု အတိုင်းအတာ PM2.5 ထိတွေ့ခြင်းနဲ့ မွေးဖွားလာတဲ့ ကလေးကိုယ်အလေးချိန် ကျဆင်းခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

လေထုအခြေအနေက သန္ဓေသားဖွံ့ဖြိုးမှုအပေါ် သက်ရောက်နေကာ လေထုညစ်ညမ်းခြင်းကို ထိန်းချုပ်ဖို့ အရေးတကြီး လိုအပ်နေကြောင်းကို အလေးပေးဖော်ပြလာပါတယ်။

ညစ်ညမ်းရတဲ့ အဓိကအကြောင်းအရင်းတွေက သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုလုပ်ငန်းတွေကနေ ထွက်လာတဲ့ အမှုန်အမွှားများနဲ့ သက်ဆိုင်နေပါတယ်။

ကလေးမွေးဖွားချိန်မှာ ကိုယ်အလေးချိန် နည်းပါးခြင်းက နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာများ ဝင်ရောက်လာနိုင်ပြီး နှလုံးရောဂါ၊ ဆီးချို၊ ဖွံ့ဖြိုးမှုပိုင်းချို့ယွင်းမှုများ ဖြစ်လာနိုင်ပါတယ်။

၂၀၂၄ မှာ အစ္စရေးလ်ရဲ့ အချို့နေရာတွေမှာ လေထုညစ်ညမ်းမှု အခြေအနေ လျော့နည်းလာကြောင်း မှတ်တမ်းတင်ရရှိခဲ့ပြီး ဒီမတိုင်ခင် မီးသတ်ဌာနက ရိုးရာမီးပုံပွဲတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာသာ ပြုလုပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ပတ်ဝန်းကျင်မှာ ကျန်းမာရေးနဲ့ ညီညွတ်မယ့် အလေ့အထတွေ ထိန်းသိမ်းပြုကျင့်ဖို့ ပတ်ဝန်းကျင်ပညာရှင်များက တိုက်တွန်းထားပါတယ်။

အစ္စရေးလ်လိုနိုင်ငံမှာ ရိုးရာမီးပုံပွဲတွေ ပြုလုပ်လေ့ရှိပြီး ထိုအစား မိသားစုလိုက် လမ်းလျှောက်ထွက်ဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group