Published 31 May 2024

ကျန်းမာရေးကဏ္ဍ အမျိုးမျိုးအတွက် ကောင်းစွာအိပ်စက်ဖို့ အရေးကြီးပါတယ်။

ဒါပေမဲ့ ပြဿနာအမျိုးမျိုးကြောင့် လုံလောက်စွာ အိပ်စက်ရဖို့ ခက်ခဲနေကြပါတယ်။

ဒါကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
 
(၁) အိပ်ချိန်သတ်မှတ်ပါ
အိပ်ချိန်ထချိန်ကို ပုံမှန်သတ်မှတ်ပြီး ကျင့်သုံးပေးခြင်းဖြင့် ကိုယ်တွင်း လည်ပတ်မှုစနစ်နဲ့ ကိုက်ညီစေပြီး အကျင့်ဖြစ်သွားပါက ပုံမှန်အိပ်စက်မှုကို အထောက်အကူပြုပါတယ်။
 
(၂) ညအိပ်ချိန်မတိုင်ခင် စိတ်ဖြေလျှော့ပါ
ညမအိပ်ခင်မှာ စိတ်ငြိမ်စေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကလည်း အိပ်ချိန်ရောက်ပြီဆိုတာကို သိရှိစေပါတယ်။
 
(၃) မအိပ်ခင်တီဗီ၊ဖုန်းကြည့်ခြင်း မပြုရန်
ဖုန်း၊ တီဗီ၊ ကွန်ပျူတာတို့မှထွက်တဲ့ အလင်းပြာက အိပ်စက်ခြင်းဟော်မုန်း မယ်လာတိုနင် ထွက်ရှိမှုကို အဟန့်အတား ဖြစ်စေပါတယ်။
 
(၄) အိပ်ခန်းကိုသက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပါ
တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိတဲ့ အနေအထားက နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ 
 
(၅) များများစားခြင်းနဲ့ ကဖင်းဓာတ်ရှောင်ရှားပါ
ကဖင်းဓာတ်နဲ့ နီကိုတင်းတို့က အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အစားများများစားခြင်းကတော့ မအီမသာ ဖြစ်စေပါတယ်။
 
(၆) စိတ်ပြေလျော့စေမည့် နည်းလမ်းသုံးပါ
အသက်ပြင်းပြင်းရှူခြင်း၊ ကြွက်သားဖြေလျှော့ခြင်းတို့က စိတ်နဲ့ခန္ဓာကိုယ်ကို ပြေလျော့စေပါတယ်။
 
(၇) တရေးအိပ်ခြင်းကို လျှော့ပါ
နေ့ခင်းဘက် တရေးအိပ်ခြင်းက ညဘက်အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
 
(၈) သဘာဝအလင်းရောင်နဲ့ ထိတွေ့ပေးပါ
နေ့ပိုင်းမှာ သဘာဝအလင်းရောင်နဲ့ ထိတွေ့ခြင်းဖြင့် ခန္ဓာကိုယ် နေ့ညလည်ပတ်မှုပုံစံကို ထိန်းညှိပေးပါတယ်။
 
(၉) အရက်လျှော့သောက်ပါ
အရက်သောက်ပြီး အစပိုင်းမှာ အိပ်ပျော်ပေမယ့် နောက်ပိုင်းမှာတော့ အိပ်စက်မှုပုံစံကို နှောင့်ယှက်စေပါတယ်။
အိပ်ခါနီးမှာ အရက်ရှောင်ရှားပြီး ကျန်တဲ့အချိန်တွေမှာလည်း ကန့်သတ်သောက်သုံးသင့်ပါတယ်။
Source: DoctorNDTV
#World_Health
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group