#RegionNews

၃၀ မေ ၂၀၂၄

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရဲ့ အပူချိန်ကို ၅၂.၉ ဒီဂရီ ဆဲလ်ဆိယတ်စ် ရှိလာတယ်လို့ အိန္ဒိယ မိုးလေဝသဌာနရဲ့ အပူချိန်ထုတ်ပြန်မှုကြောင့် အကြီးအကျယ်တုန်လှုပ်သွားပြိး အဲဒီအပူချိန်ဖတ်ထားမှုကို ပြန်လည်စစ်ဆေးဖို့လိုအပ်ကာ  ဒါဟာ အမှားတစ်ခုခုကြောင့်ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနနှင့် ပြည်ထောင်စုဝန်ကြီး ကီရင်ရီဂျီဂျူးက ပြောပါတယ်။

“ဒေလီရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၅.၂ မှ ၄၉.၁ ဒီဂရီဆဲဆိယတ်စ်ကြားရှိတယ်လို့ မြို့ရဲ့ ကွဲပြားတဲ့နေရာတွေကနေ ဖတ်ယူရရှိ ပေမယ့် မန်ဂက်စ်ဖာက အပူချိန်ဖတ်စခန်းက ၅၂.၉ ဒီဂရီဆဲဆိယတ်စ်လို့ အခြားစခန်းတွေနှင့်မတူပဲရရှိတယ်။ ဒါဟာ အပူချိန် တိုင်း အာရုံခံကိရိယာရဲ့ အမှားတစ်ခုခု ဒါမှမဟုတ် အခြားအကြောင်းအချက်တစ်ခုခုကြောင့်ဖြစ်နိုင်တယ်” လို့ အိန္ဒိယ မိုးလေ ဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

“စခန်းတစ်ခုတည်းရဲ့အပူချိန်က အဲဒီလောက်မြင့်နေတယ်ဆိုတာ မဟုတ်လောက်တဲ့အတွက် အပူချိန်ဖတ်ထားတာတွေကို ပြန်  ပြီးစစ်ဆေးရလိမ့်မယ်” လို့ ပြည်ထောင်စုဝန်ကြီးကီရင်က အရာရှိတွေကိုညွှန်ကြားပါတယ်။

အင်္ဂါနေ့က မန်ဂက်စ်ဖာမိုးလေဝသစခန်းက ဒေလီရဲ့အပူချိန်ကို  ၅၂.၉ ဒီဂရီဆဲဆိယတ်စ်လို့ ကြေညာခဲ့တာဖြစ်ပြီး ယခင်ရက် ထက် ၃ ဒီဂရီခုန်တက်ခဲ့တာဖြစ်ပါတယ်။

Source NDTV