#World_Health
Published 25 May 2024
▪️ အုတ်ဂျုံက ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစေ့အဆန်တွေထဲက တစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မရှိမဖြစ် အာဟာရဓာတ်များ ပါဝင်ပြီး အုတ်ဂျုံစားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို လေ့လာတွေ့ရှိထားကြပါတယ်။


 
▪️ (၁) အစာခြေခြင်းကိုထောက်ပံ့ခြင်း
အုတ်ဂျုံတွေမှာ အမျှင်ဓာတ်များ ပါဝင်တာကြောင့် ဝမ်းသွားခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။
အစာအိမ်ပြဿနာ ရှိသူတွေအတွက် ထိရောက်မှုရှိသလို ခန္ဓာကိုယ်ကို ချောမွေ့စွာ လည်ပတ်နေစေမှာ ဖြစ်ပါတယ်။


 
▪️ (၂) ကိုလက်စ်ထရောလ်လျှော့ချကာ နှလုံးရောဂါကာကွယ်ပေးခြင်း
သူ့မှာပါဝင်တဲ့ ဘီတာဂလူကန် အမျှင်ဓာတ်က ကိုလက်စ်ထရောလ်ကို လျော့ကျစေပါတယ်။ 
အူထဲကနေ သွေးထဲသို့ စုပ်ယူတဲ့ ကိုလက်စ်ထရောလ်ကို လျှော့ချပေးပါတယ်။


 
▪️ (၃) ဂလူတန်လုံးဝမပါဝင်ခြင်း
အုတ်ဂျုံမှာ သဘာဝအတိုင်း ဂလူတန်မပါဝင်ပေမယ့် ဝယ်ယူခါနီးမှာတော့ ဂလူတန်တစ်နည်းနည်းဖြင့် ပါဝင်လားဆိုတာကို သေချာဖတ်ရှုသင့်ပါတယ်။


 
▪️ (၄) မဂ္ဂနီဆီယမ်ကြွယ်ဝခြင်း
အင်ဇိုင်းလုပ်ဆောင်ချက်နဲ့ စွမ်းအင်ထုတ်လုပ်ခြင်းအတွက် မဂ္ဂနီဆီယမ်က အရေးကြီးပါတယ်။
သွေးကြောတင်းမာမှုတွေကို ပြေလျော့စေပြီး နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။


 
▪️ (၅) ကိုယ်အလေးချိန်ကျစေရန် ကူညီခြင်း
အုတ်ဂျုံက ကယ်လိုရီနည်းပြီး ဖြည်းဖြည်းချင်း ချေဖျက်တာကြောင့် ဗိုက်ပြည့်ဝနေစေပါတယ်။
ဆာလောင်စိတ်ကို လျှော့ချပေးတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်ကျစေရန် အကူအညီဖြစ်စေပါတယ်။  

 

#Source: Interesticle