#World_News
Published 24 May 2024


▪️ အမေရိကန်မှာ ထိန်းချုပ်ခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုများ သိမ်းဆည်းခံရတဲ့အတွက် ဆုံးရှုံးသွားတာတွေကို အလျော်အစားအဖြစ် အသုံးပြုနိုင်မယ့် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုများကို ရုရှားက ထုတ်ဖော်သွားမယ်လို့ သမ္မတဗလာဒီမာပူတင် ကြာသပတေးနေ့က လက်မှတ်ရေးထိုးတဲ့ အမိန့်ဒီကရီမှာ ဖော်ပြထားပါတယ်။

 

▪️ ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက ထိန်းချုပ်ခံထားရတဲ့ ဒေါ်လာ ၃၀၀ ဘီလီယံတန်ကြေးရှိ ရုရှားဘဏ္ဍာရေး ပိုင်ဆိုင်မှုများကို ဘယ်လိုမျိုး အကောင်းဆုံး အသုံးချနိုင်မလဲဆိုတာကို ဂျီ၇ ညှိနှိုင်းစေ့စပ်သူများက သီတင်းပတ်များကြာအောင် ဆွေးနွေးနေကြပါတယ်။

 

▪️ အနောက်တိုင်းမှ ခေါင်းဆောင်များက ရုရှားပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ပါက ရုရှားရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ကျဆင်းကာ လက်တုန့်ပြန်နိုင်စွမ်း လျော့ပါးသွားနိုင်ပါတယ်။

 

▪️ ဒါပေမဲ့ အဲဒီအစား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေသားအခြေအနေ ပြီးမှာသာ ဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူများနဲ့ စီးပွားရေးပညာရှင်များက ဆိုပါတယ်။

 

▪️ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အမိန့်ဒီကရီအရ ရုရှားအစိုးရ ဒါမှမဟုတ် ဗဟိုဘဏ်အနေနဲ့ ယင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေ မမျှမတ သိမ်းဆည်းခံရသလား၊ လျော်ကြေးရနိုင်သလား ဆိုတာကို ဆုံးဖြတ်ဖို့အတွက် ရုရှားတရားရုံးတစ်ခုကို မေးမြန်းနိုင်ပါတယ်။

 

▪️ ဒီနောက် ရုရှားမှာရှိတဲ့ အမေရိကန် ပိုင်ဆိုင်မှုပုံစံအဖြစ် လျော်ကြေးလွှဲပြောင်းရန် တရားရုံးက အမိန့်ချနိုင်ပါတယ်။
အမိန့်ဒီကရီစာရင်းထဲမှာ အမေရိကန်ပိုင်ဆိုင်မှုတွေထဲမှ  လုံခြုံရေးပိုင်းဆိုင်ရာများ၊ ရုရှားကုမ္ပဏီများရှိ အစုငွေများ၊ အိမ်ခြံမြေ၊ ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုများနဲ့ ပိုင်ဆိုင်ခွင့်များ ပါဝင်ပါတယ်။

 

▪️ အမေရိကန် ထိန်းချုပ်မှုလက်အောက်ရှိ ပုဂ္ဂိုလ်တွေ ပိုင်ဆိုင်ထားတဲ့ အရာတွေကိုလည်း ပစ်မှတ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရဲ့ ပိုင်ဆိုင်မှုများကို ရုရှားက သတ်မှတ်ထားတဲ့ ပုံစံ-စီ အထူးအကောင့်တွေထဲ ထည့်သွင်းထားကာ ထိုအကောင့်တွေထဲက ငွေတွေကို ရုရှားအာဏာပိုင်များရဲ့ ခွင့်ပြုချက်မရဘဲ ရုရှားအပြင်ဘက်သို့ မလွှဲပြောင်းနိုင်ပါဘူး။

 

▪️ အမေရိကန်ဘဏ်တွေမှာ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းယူကာ ယူကရိန်းသို့ လွှဲပြောင်းခွင့်ရှိတဲ့ ဥပဒေကို အမေရိကန်က ထုတ်ပြန်ထားပြီး ရုရှားကတော့ ဒီလုပ်ရပ်ကို တရားမဝင်ဘူးလို့ အကြိမ်ကြိမ် ဆိုထားပါတယ်။

 

#Source: Reuters