#World_Health
Published 24 May 2024


▪️ သွေးတိုးရောဂါဆိုတာ သွေးဖိအားများတဲ့ အခြေအနေဖြစ်ပြီး ပုံမှန်အားဖြင့် ၉၀/၆၀ မီလီမီတာမာကျူရီမှ ၁၂၀/၈၀ မီလီမီတာမာကျူရီအတွင်းရှိပြီး ၁၄၀/၉၀ နဲ့အထက်ဆိုရင်တော့ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။

 

▪️ အပေါ်သွေးတစ်ခုတည်း မြင့်တက်ပြီး အောက်သွေးပုံမှန်ဖြစ်နေခြင်းက အဖြစ်များတဲ့ အခြေအနေဖြစ်ပါတယ်။

 

▪️လူကြီးတွေမှာ အဖြစ်များပြီး နှလုံးသွေးကြော ပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။

 

▪️ သွေးဖိအားမြင့်ခြင်းကို ထိန်းချုပ်ဖို့အတွက် ဆေးဝါးကုသမှု လိုအပ်သလို ရေရှည်အတွက် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမြှင့်တင်ဖို့ကလည်း လိုအပ်ပါတယ်။

 

▪️ ဒါ့အပြင် လှုပ်ရှားမှု၊ ဆားလျှော့ချစားသုံးခြင်း၊ အရက်သေစာ ရှောင်ရှားခြင်း၊ အသီးနဲ့ အရွက်များများစားခြင်း၊ သကြားနဲ့ ပြည့်ဝဆီများ လျှော့ချခြင်းတို့လည်း လိုအပ်တယ်လို့ မဏိပူရဆေးရုံမှ နှလုံးအထူးကု ဒေါက်တာ ဆာမန်ဂျွိုင်းမွတ်ခါဂျီက ပြောပြပါတယ်။

 

▪️ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတို့က သွေးတိုးရောဂါ ဖြစ်နိုင်ခြေများစေပြီး နှလုံးနဲ့ သွေးကြောများအပေါ် ဖိအားပိုများစေပါတယ်။

 

▪️ အရက်သေစာနဲ့ ဆေးလိပ်တို့က သွေးဖိအားများစေပြီး နှလုံးရောဂါများ ဖြစ်စေပါတယ်။ 

 

▪️ လေ့ကျင့်ခန်းအနေနဲ့ တစ်ပတ်ကို အနည်းဆုံး ၅ ရက်ထက်မနည်း ပြုလုပ်သင့်ကြောင်း အကြံပြုပါတယ်။

 

▪️ နောက်တစ်နည်းကတော့ စိတ်ဖိစီးမှု လျှော့ချခြင်းဖြစ်ပါတယ်။ 

 

▪️ နှလုံးရောဂါမဖြစ်သေးတဲ့ သွေးတိုးအစပျိုးသူတွေကတော့ ၃ လမှ ၆ လလောက်အထိ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲဖို့ ဒေါက်တာက အကြံပြုလိုက်ပါတယ်။

 

▪️ သွေးပေါင်ချိန် မထိန်းနိုင်တော့ဘူးဆိုရင်တော့ ဆေးဝါးများဖြင့် ကုသရတော့မှာဖြစ်ပြီး ၁၆၀/၁၀၀ မီလီမီတာမာကျူရီထက် များပြီဆိုရင် ဆေးရုံတက်ကုသရတော့မှာ ဖြစ်ပါတယ်။

 

#Source: India Today