#World_News
Published 23 May 2024


▪️ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ခံ ကိုယ်စားလှယ်ဟောင်း နစ်ကီဟာလေက နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်ကို မဲပေးမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

 

▪️ ဟာလေက စည်းရုံးရေးဆင်းကာလများအတွင်း သူ့ရဲ့ပြိုင်ဘက်ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

 

▪️ ဒေါ်နယ်ထရမ့်နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ ထပ်မံယှဉ်ပြိုင်ရမယ့် နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘယ်သူက ဟာလေထောက်ခံသူတွေရဲ့ မဲတွေကို ရရှိသွားမလဲဆိုတာကို အများက စောင့်ကြည့်နေကြပါတယ်။ 

 

▪️ ဟာလေက မတ်လမှာ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ခံ အမည်စာရင်းကနေ နုတ်ထွက်ခဲ့ပြီး စည်းရုံးရေးတွေ မလုပ်တော့ပေမယ့် မဲစာရင်းမှာ သူ့နာမည်ပါဝင်နေဆဲဖြစ်ကာ ပြည်နယ်အလိုက် အဓိကမဲယှဉ်ပြိုင်မှုတွေမှာ ၁၀ ရာခိုင်နှုန်းကျော် ပုံမှန်ရရှိထားပါတယ်။

 

▪️ ဟာလေကို မဲပေးသူတွေက အဓိကအားဖြင့် ရီပတ်ဘလစ်ကန်များနဲ့ ထရမ့်ကို မကျေနပ်သူတွေဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်စဉ်အခါက ဟာလေဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

▪️ ထရမ့်က ပေါ်လစီမူဝါဒတွေနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံသူမဟုတ်ပေမယ့် ဘိုင်ဒင်ကတော့  ကပ်ဘေးကျလောက်တဲ့အထိ ဆိုးရွားတာကြောင့် ထရမ့်ကိုပဲ မဲပေးမယ်လို့ ဟာလေက အမေးအဖြေကဏ္ဍမှာ ပြောကြားသွားပါတယ်။

 

▪️ ဟာလေဟာ ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ပြီးကတည်းက ပထမဆုံးအကြိမ် အများရှေ့ထွက်လာတာ ဖြစ်ပါတယ်။ 
ထရမ့်ကို မဲပေးမှာဆိုပေမယ့် သူ့ကိုထောက်ခံအားပေးတဲ့ သဘောမဟုတ်ဘဲ သူမကို မဲပေးသူတွေအနေနဲ့ ထရမ့်ကို ပြောင်းလဲမဲပေးဖို့သာဖြစ်ပြီး သူမကိုသာ ဆက်လက်ထောက်ခံကြမှာဖြစ်ကြောင်း ဟာလေက ဆိုပါတယ်။

 

#Source: Reuters