၂၂ မေ ၂၀၂၄

နီပေါနိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာအုပ်စုရဲ့ပိုင်ရှင်ကို နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နှင့်  အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ အေပီသတင်းကဖော်ပြထားပါတယ်။

ကန်တီပါမီဒီယာအုပ်စုရဲ့ ပိုင်ရှင် ကိုင်လက်ရှ်ဆီရိုဟီယာဟာ သူ့ကိုတရားစွဲဆိုထားတဲ့ နီပေါနိုင်ငံ တောင်ပိုင်းက ခရိုင်တရားရုံး  တစ်ခုမှာ ဗုဒ္ဓဟူးနေ့ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

သူဟာ နီပေါနိုင်ငံ မြို့တော်ကတ္တမန်ဒူမှာရှိတဲ့ သူ့ရဲ့ ကန်တီပါရုံးမှာ အဖမ်းခံရတာဖြစ်ပါတယ်။ ကန်တီပါမီဒီယာအုပ်စုဟာ  သတင်းစာတွေ၊ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ဌာနတွေ၊ မဂ္ဂဇင်းတွေနှင့် အွန်လိုင်းသတင်းဌာနတွေ တည်ထောင်ထားပါ တယ်။

သူဘာမှအမှားမလုပ်ခဲ့ဘူးလို့ ဆီရိုဟီယာက ငြင်းဆိုလိုက်ပြီး ဒါဟာ ပြည်ထဲရေးဝန်ကြီး ရာဘီလမ်မီချိန်းရဲ့ သူ့အပေါ် ကလဲ့စား ချေမှု တစ်ခုဖြစ်တယ်လို့ ပြန်ပြီးစွပ်စွဲလိုက်ပါတယ်။ငွေကြေး မလျော်မကန်ဆောင်ရွက်မှုတွေမှာ ပြည်ထဲရေးဝန်ကြီး ပါဝင်  ပတ် သက်နေတယ်ဆိုတဲ့ သတင်းတွေကို သူ့မီဒီယာအုပ်စုုက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

အတိုက်အခံနိုင်ငံရေးပါတီတွေက လမ်မီချိန်းကို ငွေကြေးမလျော်မကန်ဆောင်ရွက်မှုတွေကြောင့် ရာထူးမှဆင်းပေးဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆီရိုဟီရာရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနံပါတ်ဟာ တစ်ခြားသူတစ်ဦးရဲ့နံပါတ်နှင့်တူနေပြီး ဒါဟာ နိုင်ငံသားဖြစ်မှုဥပဒေနှင့် ညိစွန်း နေတယ်လို့ရဲကပြောပါတယ်။

နီပေါနိုင်ငံမှာ အထူးသဖြင့် အိန္ဒိယနယ်စပ်ဖြစ်တဲ့ နီပေါတောင်ပိုင်းမှာ လူတော်တော်များများဟာ နိုင်ငံသားမှတ်ပုံတင်အတု ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။၏

Source AP