Published 20 May 2024

လိုင်ချင်းထယ်က ထိုင်ဝမ်သမ္မတသစ်အဖြစ် တနင်္လာနေ့မှာ စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ပြီး တရုတ်ရဲ့ အမျက်ဒေါသထွက်ခြင်းကို ခံနေရပါတယ်။

လိုင်ချင်းထယ်ဟာ ခွဲထွက်ရေးသမား တစ်ဦးဖြစ်ပြီး လွှတ်တော်ပါလီမန်မှာ သဘောထားကွဲလွဲနေကြကာ အတိုက်အခံများက အပြိုင်အဆိုင် စိန်ခေါ်နေကြတယ်လို့ တရုတ်က ယုံကြည်နေပါတယ်။ 

သမ္မတဟောင်း ဆိုင်အင်ဝမ်ရဲ့ ဒုသမ္မတအဖြစ် လိုင်ချင်းထယ်က ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ထိုင်ပေမြို့လယ် ဂျပန်ကိုလိုနီခေတ် သမ္မတရုံးမှာ ကျမ်းသစ္စာဆိုခဲ့ပါတယ်။

တနင်္လာနေ့နံနက်ခင်းက မိန့်ခွန်းပြောကြားရာမှာ တရုတ်ကို ချစ်ကြည်ရင်းနှီးတဲ့ သဘောပြသခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တောင်းဆိုလိုက်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။

သမ္မတရာထူးအာဏာကို ရည်ညွှန်းတဲ့ ဂုဏ်ပြုအမှတ်တံဆိပ် ၂ ခုကိုလည်း လွှတ်တော်ဥက္ကဌထံမှ လက်ခံရရှိခဲ့ပါတယ်။

တရုတ်က ဒထိုင်ဝမ်ကို ယင်းတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်နေပြီး ထိုင်ဝမ်ကျွန်းကို ထိန်းချုပ်နိုင်ဖို့ စစ်အင်အားသုံးလိုရင်လည်း သုံးနိုင်တယ်လို့ ဆိုထားပါတယ်။

ထိုင်ဝမ်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ပြည်သူတွေအပေါ်ပဲ မူတည်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ရွေးကောက်ပွဲပြီးကတည်းက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်က လေကြောင်းနဲ့ ရေကြောင်းလှုပ်ရှားမှုတွေ အစဥ်ပြုလုပ်နေရာ တရုတ်ရဲ့ဖိအားပေးမှုကို ခံနေရပါတယ်။ 

သမ္မတတင်မြှောက်ပွဲ အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်စေလွှတ်လိုက်တဲ့ အရာရှိဟောင်းများ၊ ဂျပန် ဂျာမနီ ကနေဒါစတဲ့ နိုင်ငံများမှ လွှတ်တော်အမတ်များ၊ ထိုင်ဝမ်နဲ့ သံတမန်ရေးအရ ဆက်ဆံရေးရှိနေသေးတဲ့ နိုင်ငံ ၁၂ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က လိုင်ချင်းထယ်ကို ဂုဏ်ပြုလိုက်ကာ ဘုံအကျိုးစီးပွား တိုးတက်ရေး၊ ရေရှည်ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြားတလျှောက် တည်ငြိမ်အေးချမ်းရေးတို့အတွက် အတူတကွ လုပ်ကိုင်သွားဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

တရုတ်သတင်းစာ The Global Times မှ ဖော်ပြထားတာကတော့ လိုင်ချင်းထယ်ဟာ သမ္မတဖြစ်လာတာနဲ့ ပိုပြီးရန်စလာမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။ 

ရှေရှည်မှာ ရေလက်ကြားဆက်ဆံရေး အခြေအနေ အကောင်းဖြစ်လာဖို့မမြင်ဘူးလို့လည်း အဆိုပါသတင်းစာကရေးသားကြောင်းရိုက်တာမှာဖော်ပြထားပါတယ်။
Source: Reuters
#World_News
#Published 20 May 2024
#YMG #Yangon_Times #Yangon_Media_Group