Published 18 May 2024

ရုံးပတီသီးတွေကို ညလုံးပေါက်ရေစိမ်ပြီး ရရှိလာတဲ့ ရုံးပတီသီးရည်ဟာ အာဟာရဓာတ်မျိုးစုံ ပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိတယ်လို့ လူပြောများနေကြပါတယ်။

ဒါကြောင့် ရုံးပတီသီးရည် သောက်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိူးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
 
(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း
ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးခြင်းများကို လျှော့ချပေးတဲ့အတွက် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
 
(၂) သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း
အမျှင်ဓာတ်များခြင်းနဲ့ ဒြပ်ပေါင်းများ ပါဝင်ခြင်းက အူထဲမှာ သကြားစုပ်ယူမှု လျော့နည်းစေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
 
(၃) ရောင်ရမ်းခြင်းကိုဆန့်ကျင်ပေးခြင်း
ရုံးပတေသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ပိုလီဆက်ခရိုက်တွေက ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အဆစ်ရောင်ရောဂါတွေကြောင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
 
(၄) အစာခြေခြင်းကိုကောင်းမွန်စေခြင်း
ရုံးပတေသီးမှာပါတဲ့ ပျစ်ချွဲစေတဲ့အရာက အစာခြေလမ်းကြောင်းကို ချောမွေ့စေပြီး အစာခြေခြင်းကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
 
(၅) နှလုံးကျန်းမာစေခြင်း
ကိုလက်စ်ထရောလ်ပမာဏကို လျှော့ချပေးတဲ့အတွက် နှလုံးရောဂါများနဲ့ လေဖြတ်ခြင်းကို ဖြစ်နိုင်ခြေနည်းစေပါတယ်။
 
(၆) ရေဓာတ်ဖြည့်ပေးခြင်းနှင့်အသားအရည်
ရုံးပတေသီးက ရေဓာတ်များပြီး ရေဓာတ်ထိန်းသိမ်းပေးကာ အသားအရည်ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးတဲ့အပြင် တင်းရင်းစေပါတယ်။
 
(၇) ကိုယ်ခံအားစနစ်ထောက်ပံ့ခြင်း
ဗိုက်တာမင်-စီနဲ့ အေတို့ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေကာ ရောဂါကူးစက်မှုများမှ ကင်းဝေးစေပါတယ်။
 
(၈) အရိုးကျန်းမာရေး
ကယ်လ်စီယမ်နဲ့ ဗိုက်တာမင်-ကေ ပါဝင်ခြင်းကြောင့် အရိုးများကို သန်မာစေကာ အရိုးပွခြင်းမှ ကာကွယ်ပေးပြီး အရိုးသိပ်သည်းစေပါတယ်။
 
(၉) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
အမျှင်ဓာတ်တွေက ဗိုက်ပြည့်ဝစေတာကြောင့် ကယ်လိုရီနည်းပါးသွားပြီး ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးပါတယ်။
 
(၁၀) မျက်လုံးကျန်းမာရေး
ဗိုက်တာမင်-အေနဲ့ ဘီတာကယ်ရိုတင်းက အမြင်အာရုံနဲ့ မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းပေးပြီး မျက်စိရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
Source: DoctorNDTV.
#World_Health
#Published 20 May 2024
#YMG #Yangon_Times #Yangon_Media_Group