Published 19 May 2024 
 
အရက်သေစာ သောက်သုံးခြင်းက ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်နိုင်သလို ဦးနှောက်လုပ်ဆောင်ချက်လည်း ထိခိုက်နိုင်ကာ မတော်တဆမှုတွေ ဖြစ်စေလောက်တဲ့အထိ စဥ်းစားဆုံးဖြတ်နိုင်စွမ်းကိုလည်း ဖြစ်စေပါတယ်။ 
 
ဒါတွေကြောင့်ပဲ ကမ္ဘာမှာ နှစ်စဥ်နှစ်တိုင်း လူသန်းနဲ့ချီ သေဆုံးနေပါတယ်။ 
 
အခုတော့ ETH ဇူးရစ်မှ သုတေသီများက ထိုဘေးအန္တရာယ်တွေကို လျော့ပါးစေမယ့် နည်းလမ်းတစ်မျိုး ဖော်ပြလာပါတယ်။ 
 
ပရိုတိန်းဂျယ်လ်အသစ် တစ်မျိုးက အရက်ကို လုံးဝဘေးကင်းစေနိုင်ပါတယ်။ 
 
အစာအိမ် အူလမ်းကြောင်းထဲမှာ အယ်လ်ကိုဟောကို ဘယ်လိုချေဖျက်လဲဆိုတာ သိရှိနားလည်ခြင်းဖြင့် အယ်လ်ကိုဟောနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိလာနိုင်ပါတယ်။ 
 
ထိုဂျယ်လ်က အယ်လ်ကိုဟော ချေဖျက်ခြင်းကို အသည်းကနေ အစာအိမ်လမ်းကြောင်းသို့ ပြောင်းရွှေ့စေပြီး အန္တရာယ်ဖြစ်စေတဲ့ အက်ဆီတယ်ဒီဟိုဒ်တွေ မထွက်တော့ပါဘူး။ 
 
သူ့ရဲ့လုပ်ငန်းစဥ်က အယ်လ်ကိုဟောကို အန္တရာယ်မဖြစ်စေတဲ့ အက်ဆီတစ်အက်ဆစ်အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ 
 
ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အယ်လ်ကိုဟောဝင်ပြီး အချိန် ၅ နာရီအတွင်း ဂျယ်လ်က သွေးတွေထဲမှ အယ်လ်ကိုဟောကို ၅၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။ 
 
ဒါ့အပြင် နေ့စဥ်ဂျယ်လ်အသုံးပြုစေတဲ့အခါ အသည်းထိခိုက်ခြင်းကို လျော့ကျစေပြီး ဇီဝကမ္မဆိုင်ရာ ကျန်းမာရေးဖြစ်စဥ်များ တိုးတက်လာပါတယ်။ 
 
အရက်ဆိုတာ လုံးဝမသောက်တာ အကောင်းဆုံးဖြစ်ပေမယ့် မသောက်ရ မနေနိုင်ဘဲ အရက်နာကျတဲ့ဒဏ်တွေ မခံချင်တဲ့ သူတွေအတွက်တော့ ဂျယ်လ်က ဖြေရှင်းစရာနည်းလမ်း ဖြစ်လာနိုင်ပါတယ်။ 
 
လူသားတွေမှာ အသုံးမပြုနိုင်ခင် နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ 
Source: WION. 
#World_Health
#Published_ 19 May 2024
#Yangon_Times #YMG_News #Yangon_Media_Group