#World_Climate
Published 14 May 2024


▪️ ရာသီဥတု ဆိုးရွားပြင်းထန်လွန်းခဲ့တဲ့ ပြီးခဲ့တဲ့ ၁၁ အတွင်း ဧပြီလဟာ အပူပြင်းဆုံးလအဖြစ် ထပ်မံမှတ်တမ်းဝင်သွားပါတယ်။
ပြီးခဲ့တဲ့ ၁၁ လအတွင်း လတိုင်းမှာ အပူချိန်စံချိန်အသစ် ထွက်ပေါ်ခဲ့ပါတယ်။

 

▪️ ၂၀၂၃ ဇွန်လကတည်းက လတိုင်းဟာ အပူဆုံးလများအဖြစ် စံချိန်တင်တိုင်းတာခဲ့ရကြောင်း ဥရောပသမဂ္ဂ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေး အဖွဲ့က မေလ ၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

▪️ ဒါဟာ ယမန်နှစ်တွေက လတွေနဲ့ နှိုင်းယှဥ်ထားတာ ဖြစ်ပါတယ်။

 

▪️ ပြီးခဲ့တဲ့ ၁၂ လအတွင်း ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်က အမြင့်ဆုံးဖြစ်ခဲ့ပြီး စက်မှုခေတ်မတိုင်ခင် ကာလကထက် ၁.၆၁ ဒီဂရီဆဲလ်စီးယပ်စ် ပိုများနေတာ ဖြစ်ပါတယ်။

 

▪️ စက်မှုခေတ်မတိုင်မီ ဧပြီလတိုင်းထက်လည်း အပူဆုံးဧပြီလအဖြစ် တိုင်းတာရရှိခဲ့ပါတယ်။

 

▪️ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်ငွေ့များက ရာသီဥတု ဖောက်ပြန်ခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။

 

▪️ အယ်လ်နီညို ရာသီဥတုဖြစ်စဥ်က အရှေ့ပစိဖိတ် သမုဒ္ဒရာရှိ မျက်နှာပြင်ရေများ ပူနွေးလာစေကာ အပူချိန်မြင့်တက်လာစေပါတယ်။

 

▪️ ရာသီဥတုပုံစံ ပြောင်းလဲလာအောင် ပြုလုပ်နိုင်မလားဆိုတာကို သိပ္ပံပညာရှင်များ စဥ်းစားလာကြမယ်ထင်တယ်လို့ C3S မှ ရာသီဥတု အကြီးတန်းသိပ္ပံပညာရှင် ဂျူလီယန်နီကိုလက်စ်က ပြောပြသွားပါတယ်။

 

▪️ ပြီးခဲ့တဲ့လက ကမ္ဘာတဝှမ်းမှာ ရာသီဥတု အစွန်းရောက်ခြင်းများကြောင့် ရာသီဥတု ဖောက်ပြန်ရတယ်လို့ သိပ္ပံပညာရှင်များ ပြောကြားထားပါတယ်။

 

▪️ ကမ္ဘာကြီးဟာ ရာသီဥတု ဖောက်ပြန်မှုကြီးနဲ့ ရင်ဆိုင်ရာမှာ အရေးနိမ့်နေပြီလို့ နယူးကာဆယ်တက္ကသိုလ်မှ ရာသီဥတု သိပ္ပံပညာရှင် ဟေလီဖောင်လာက AFP ကို ပြောကြားခဲ့ပါတယ်။ 

 

▪️ အပူချိန်မြင့်တက်လာတဲ့ ပမာဏကို ၁.၅ ဒီဂရီအောက် ထားရှိဖို့က မဖြစ်နိုင်တော့ဘဲ ၂ ဒီဂရီအောက် ထိန်းသိမ်းဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အတတ်နိုင်ဆုံး အမြန်ဆုံးလျှော့ချဖို့ကို အရေးတကြီး စဥ်းစားသင့်ကြောင်း ပြောပြသွားပါတယ်။

 

#Source: WION