#World_Science
Published 13 May 2024


▪️ အစ္စရေးလ် ဘာအီလန်တက္ကသိုလ်မှ သုတေသီတွေဟာ ဓာတ်ခွဲခန်းထုတ် ဝှေးစေ့များ ဖန်တီးခဲ့ကြပြီး အမေရိကန်မှ အမျိုးသား ၁၀-၁၅ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ မျိုးမအောင်တဲ့ပြဿနာကို ဖြေရှင်းပေနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

 

▪️ ကြွက်ဝှေးစေ့များမှ ထုတ်ယူတဲ့ ဆဲလ်တွေကနေထုတ်လုပ်တဲ့ အင်္ဂါတုတွေက သဘာဝကြွက်ဝှေးစေ့ရဲ့ တည်ဆောက်ပုံ လုပ်ဆောင်ချက်တွေနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။

 

▪️ ဒေါက်တာ နစ်ဇန်ဂိုနင်ဦးဆောင်တဲ့ သုတေသီအဖွဲ့က လူသားပင်မစတမ်ဆဲလ်တွေကနေ လူကဲ့သို့ ဝှေးစေ့များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေကြပါတယ်။

 

▪️ ဇီဝပညာရှင်တွေဟာ ဦးနှောက်၊ ကျောက်ကပ်၊ အူစတဲ့ အင်္ဂါတွေကိုလည်း ပင်မစတမ်ဆဲလ်ကနေ 3D ပုံစံငယ်များ ထုတ်လုပ်ခဲ့ကြပါတယ်။

 

▪️ ထုတ်လုပ်လိုက်တဲ့ အင်္ဂါတုတွေက ကြွက်ပေါက်များထံမှ သက်တမ်းမပြည့်သေးတဲ့ ဆဲလ်တွေကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 

▪️ ကြွက်ဝှေးစေ့တုတွေက အချိန် ၉ ပတ်ကြာအောင် အလုပ်လုပ်နိုင်ခဲ့ပြီး ကြွက်သုတ်ပိုး ထုတ်လုပ်ဖို့ အချိန်လုံလောက်ပါတယ်။

 

▪️ သုတေသီအဖွဲ့ရဲ့ ရည်ရွယ်ချက်က သုတ်ပိုးမထုတ်နိုင်တဲ့ ကင်ဆာဖြစ်နေတဲ့ ယောက်ျားလေးတွေကို ကူညီနိုင်မယ့် ဝှေးစေ့တုများ ထုတ်လုပ်ရန် ဖြစ်ပါတယ်။

 

▪️ ကုသမှုမစခင် အသားစများရယူကာ မျိုးပွားနိုင်တဲ့ သုတ်ပိုးကို ဖန်ပြွန်ထဲမှာခဲထားပြီး အနာဂတ်မှာ ကလေးရရှိရန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

▪️ ဒီနည်းပညာကို မွေးမြူရေးကဏ္ဍမှာ အသုံးပြုဖို့ မျှော်လင့်နေပါတယ်။

 

▪️ မွေးလာမယ့် တိရိစ္ဆာန်တွေရဲ့ အထီးအမ အခြေအနေကိုလည်း ထိန်းချုပ်နိုင်မယ့်နည်းလမ်း တွေ့ရှိဖို့ ဖြစ်နိုင်ပါတယ်။

 

#Source: New York Post