#World_Health
Published 12 May 2024


▪️ လူတွေအိပ်စက်တဲ့ ပုံစံအနေအထားက ဘယ်လောက်အထိ နှစ်ခြိုက်စွာ အိပ်ပျော်စေသလဲဆိုတာကို သက်ရောက်တဲ့အပြင် ရေရှည်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။

 

▪️ အိပ်စက်တဲ့ပုံစံ ဆိုးရွားပါက ဖြည်းဖြည်းချင်း အသက်အန္တရာယ် ရှိစေသည်အထိ ဖြစ်နိုင်ပါတယ်။


▪️  အိပ်စက်မှုပုံစံ မမှန်ပါက ဒီမန်ရှာ၊ နှလုံးရောဂါတို့ ဖြစ်စေနိုင်သလို နာကျင်ကိုက်ခဲခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

 

▪️ အိပ်စက်မှုပုံစံ တစ်ခုချင်းစီက ကောင်းကျိုးဆိုးကျိုးတွေ ရှိနေတာကြောင့် ချိန်ညှိဖို့ လိုအပ်ပါတယ်။

 

▪️ အချို့သော အိပ်စက်မှုပုံစံတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့ အချက်တွေကတော့..


 
(၁) ဘေးတိုက်အိပ်ခြင်း
▪️ ဘေးတိုက်အိပ်ခြင်းက အအိပ်အများဆုံး ပုံစံတွေထဲက တစ်မျိုးဖြစ်ပြီး ဘယ်ဘက်စောင်းတာလား ညာဘက်စောင်းတာလား ဆိုတာက ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။

 

▪️ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အစာအိမ်အက်ဆစ် လျှံတက်ခြင်း ခံစားရတတ်သူတွေ၊ အခြားအူလမ်းကြောင်း ပြဿနာရှိသူများအနေနဲ့ ဘယ်ဘက်ကို စောင်းအိပ်သင့်တယ်လို့ ဇီဝကမ္မအထူးပြု ဆမ်မီမာဂိုက အကြံပြုပါတယ်။

 

▪️ နှလုံးပြဿနာရှိသူများကတော့ ညာဘက်ကို စောင်းအိပ်သင့်ပါတယ်။

 

▪️ ဘေးစောင်းအိပ်ခြင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ခေါင်းအုံးထူထူထားခြင်းဖြင့် ဦးခေါင်းနဲ့လည်ပင်းကို ကျောရိုးမနဲ့ တတန်းတည်း ဖြစ်စေကာ ဒူးခေါင်းကြားမှာ ဖက်လုံးထားအိပ်သင့်ပါတယ်။


 
(၂) ပက်လက်အိပ်ခြင်း
▪️ ပက်လက်အိပ်ခြင်းရဲ့ အဖြစ်အများဆုံး ပြဿနာကတော့ ဟောက်ခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။

 

▪️ နှစ်ခြိုက်စွာအိပ်ပျော်ရန် ခက်ခဲသဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။

 

▪️ ကျောနဲ့လည်ပင်း ကိုက်ခဲသူတွေအတွက်တော့ ပက်လက်အိပ်ခြင်းက သင့်လျော်ပါတယ်။


▪️  အိပ်နေစဥ် လန့်နိုးတာမျိုး မဖြစ်တဲ့သူတွေကတော့ ပက်လက်အိပ်ခြင်းက သင့်လျော်တဲ့ပုံစံ ဖြစ်ပါတယ်။
 
(၃) မှောက်အိပ်ခြင်း
▪️ ဒီပုံစံက ဟောက်ခြင်းကို သက်သာစေပေမယ့် လည်ပင်းနဲ့ ကျောနာကျင်ကိုက်ခဲစေပါတယ်။


▪️  လည်ပင်းကို ဘေးသို့စောင်းထားရတာကြောင့် လည်ပင်းနဲ့ ကျောရိုးမကို ထိခိုက်စေနိုင်ပါတယ်။


▪️  ဒီအတွက် ခေါင်းအုံးပါးပါး ဒါမှမဟုတ် ခေါင်းအုံးမပါဘဲ မှောက်အိပ်ခြင်းဖြင့် လည်ပင်းကို ပုံမှန်အတိုင်း ရှိစေမှာဖြစ်ပါတယ်။
 
▪️ ညအိပ်စဥ်မှာ ပုံစံပြောင်းလဲခြင်းက ပုံမှန်ဖြစ်ပြီး အိပ်စက်မှုပြဿနာ မဟုတ်ပါဘူး။

#Source: Telegraph