Published 05 May 2024

သုတေသီတွေက ရေနဲ့ဆားကို ရောနှောပြီး အာရုံကြောကလာပ်စည်း ဆုံချက်အတုတွေကို ဖန်တီးလိုက်ကာ လူသားဦးနှောက်လိုမျိုး စွမ်းဆောင်နိုင်မယ့် အဆင့်မြင့်ကွန်ပျူတာများ ထုတ်လုပ်နိုင်မယ့် လမ်းစဖြစ်လာပါတယ်။

ထိုဦးနှောက်ဆဲလ်အတုတွေကို နယ်သာလန်မှ အူထရက်ချ်တက္ကသိုလ်နဲ့ တောင်ကိုရီးယားမှ ဆိုကန်တက္ကသိုလ်တို့အဖွဲ့တွေက ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဦးနှောက်တွေ အသုံးပြုတဲ့ ဆားနဲ့ရေတို့ကိုပဲ အသုံးပြုထားပါတယ်။

သိပ္ပံပညာရှင်တွေက လူသားဦးနှောက်တွေလိုမျိုး စွမ်းဆောင်ရည်မြင့်ပြီး စွမ်းအင်ထိရောက်မှုရှိတဲ့ ကွန်ပျူတာတွေကို ထုတ်လုပ်ဖို့ ဆန္ဒရှိနေကြပါတယ်။

လူသားဦးနှောက်တွေက ရေနဲ့ ပျော်ဝင်ဆားမှုန်တွေကို ကြားခံအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။

လက်ရှိကွန်ပျူတာတွေကတော့ သမားရိုးကျ အစိုင်အခဲတွေကိုသာ မှီခိုနေပါတယ်။

ကွန်ပျူတာပိုင်း တိုးတက်လာမှုက လူသားဦးနှောက်ရဲ့ ချိတ်ဆက်မှုပုံစံသာမက ကြားခံပစ္စည်းကိုပါ တုပလာနိုင်စွမ်းရှိတယ်လို့ အူထရက်ချ်တက္ကသိုလ်မှ တင်မ်ကမ်စ်မာက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ ကိရိယာက Iontronic Memristor လို့ခေါ်ပြီး အထဲမှာ ဆားနဲ့ရေပါဝင်ပါတယ်။

ကတော့ပုံသဏ္ဍာန်ဖြစ်ပြီး ၁၅၀ x ၂၀၀ မိုက်ခရိုမီတာသာ ကျယ်ပြီး လူသားဆံပင် ၃-၄ ပင်မျှသာ ရှိပါတယ်။

အာရုံကြောကလာပ်စည်းအတုတွေက အစိုင်အခဲကြားခံတွေမှာ ရှိပြီးသား အချက်အလက်တွေကို လုပ်ဆောင်နိုင်ပြီး အခုတော့ ရေနဲ့ဆားကို အသုံးပြုပြီး ပထမဆုံးအနေဖြင့် လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။  
Source: WION.
#World_Science
#Published_ 05 May 2024
#YMG_News #Yangon_Times #Yangon_Media_Group