Published 04  May 2024 
 
အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ အရေပြားအကျိတ်အဖုအတွက် ကမ္ဘာ့ပထမဆုံး mRNA ကင်ဆာ ကိုယ်ခံအားလှုံ့ဆော်ကုသနည်း စမ်းသပ်ချက်ကို လန်ဒန်ဆေးရုံတက္ကသိုလ်ကောလိပ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ 
 
ဒီစမ်းသပ်ချက်ကို NIHR ကနေ ထောက်ပံ့ပေးထာတာ ဖြစ်ပါတယ်။ 
 
အရေပြားအဖုအကျိတ်က အရေပြားကင်ဆာထဲမှာ အဆိုးဆုံးပုံစံဖြစ်ပါတယ်။ 
 
ကိုယ်ခံအားလှုံ့ဆော် ကုသနည်းဆိုတာက လူနာတစ်ဦးချင်းစီရဲ့ အကျိတ်လက္ခဏာကိုလိုက်ပြီး ကုသတာဖြစ်ပါတယ်။ 
 
လူနာရဲ့ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို မှတ်မိပြီး တိုက်ခိုက်မှာ ဖြစ်ပါတယ်။ 
 
အကျိတ်ဖယ်ရှားပြီးနောက် ကင်ဆာပြန်မဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ထားကြပါတယ်။ 
 
ကုသနည်းကတော့ မိုဒါနာနှင့် မက်ခ်ရှာ့ပ်၊ ဒိုမီတို့မှ ထုတ်လုပ်တဲ့ mRNA အခြေပြုနည်းပညာ ဖြစ်ပါတယ်။ 
 
အကျိတ်တစ်ခုချင်းစီ ကုသဖို့အတွက် အကျိတ်နမူနာကို ခွဲစိတ်ဖယ်ရှားရပါတယ်။ 
 
ဒီနောက် အကျိတ်တစ်ခုချင်းစီအတွက် ကုသနည်း အလိုက်သင့်ပြုလုပ်ဖို့ ဒီအင်န်အေစီတန်းခြင်းနဲ့ လူလုပ်အသိဉာဏ်(AI)တို့ကို အသုံးပြုပါတယ်။ 
 
ဒုတိယအဆင့် စမ်းသပ်ချက်အရ ၃ နှစ်ကြာတဲ့အခါ သာမန်ကုသနည်းနဲ့ ယှဥ်ရင် ရောဂါပြန်ဖြစ်နှုန်းနဲ့ အသက်ဆုံးပါးမှုနှုန်း ၄၉ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။ 
 
ယခုတတိယအဆင့် စမ်းသပ်ချက်ကတော့ mRNA-4157 နဲ့ ကီထရူဒါတို့ ပေါင်းစပ်အသုံးပြုချက်ကို ဆန်းစစ်နေပါတယ်။ 
 
တတိယအဆင့် စမ်းသပ်ခံဖို့ ပထမဆုံးစာရင်းပေးထားသူက အသက် ၅၂ နှစ်ရှိ တေးဂီတပညာရှင် စတိဗ်ယန်းဖြစ်ပါတယ်။ 
 
ဒီစမ်းသပ်ချက်ကို ယူကေနေရာ အနှံ့အပြားမှာ ပြုလုပ်နေပြီး အစောပိုင်းစမ်းသပ်ချက် တွေ့ရှိချက်များကို အတည်ပြုနိုင်မယ်လို့ သုတေသီများ မျှော်လင့်နေကြပါတယ်။ 
Source: India Today  
#World_Health
#Published_ 4 May 2024
#Yangon_Media_Group #YMG #Yangon_Times