Published 1 May 2024

အိပ်တဲ့အခါ ဟောက်တတ်သူများအနေနဲ့ တင်းကြပ်တဲ့ ခြေအိတ်ဝတ်ပြီး အိပ်လိုက်ရင် သက်သာဖွယ်ရှိတယ်လို့ ပညာရှင်တစ်ဦးက ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာမှာလည်း အသုံးပြုတဲ့ ထိုကဲ့သို့ ခြေအိတ်တွေက လူတစ်ယောက်လှဲနေချိန်မှာ ခန္ဓာကိုယ်မှာ လှည့်ပတ်နေတဲ့ သွေးတွေစုပြုံမလာအောင်နဲ့ ဟောက်တာကို ကာကွယ်ပေးတယ်လို့ အိပ်စက်မှုကျန်းမာရေး ပညာရှင် မာတင်ဆီလေက ပြောပြပါတယ်။

ကမ္ဘာ့မြေဆွဲငင်အားကြောင့် လည်ပင်းမှာ အချို့အရည်တွေ စုလာပြီး သလိပ်တွေနဲ့ ပေါင်းသွားကာ ဟောက်ရခြင်းဖြစ်ပေါ်တယ်လို့ ရှင်းပြပါတယ်။

ထိုကဲ့သို့ခြေအိတ်မျိုး ဝတ်အိပ်တဲ့သူတွေမှာတော့ အိပ်နေစဥ် အနှောင့်အယှက် ဖြစ်တာမျိုး တဝက်ခန့် သက်သာသွားတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

ဟောက်တာကို ကာကွယ်ချင်တယ်ဆိုရင် အိပ်ခါနီး ဝိုင်မသောက်ဖို့ကိုလည်း ဆီလေက အကြံပြုလိုက်ပါတယ်။

အယ်လ်ကိုဟောက လည်ချောင်းထဲက ကြွက်သားတွေ ပြေလျော့စေပေမယ့် တစ်ရှူးပျော့တွေကို တဖန်တုန်ခါစေပါတယ်။

အိပ်တဲ့အခါ ပက်လက်လှန်အိပ်တာထက် ဘေးတစောင်းအိပ်ဖို့ကိုလည်း အကြံပြုသွားပါတယ်။

အလာဂျစ်အဖြစ်နည်းတဲ့ ခေါင်းအုံးဖြင့် အိပ်ခြင်းဖြင့် ပါးစပ်နဲ့ နှာခေါင်းထဲသို့ အမှုန်ဝင်ရောက်မှု နည်းပါးစေပါတယ်။

ညမအိပ်ခင် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်မျိုးကတော့ ပါးစပ်ကိုပိတ်၊ လျှာကို ဘေးတဖက်သို့ ၁၀ ကြိမ်၊ နောက်တဖက်သို့ ၁၀ ကြိမ်၊ နောက်ထပ်တဖက်သို့ ၁၀ ကြိမ် ရွေ့လျားပေးဖို့ အကြံပြုပါတယ်။

ဒီလိုမျိုး ၃ ညလောက် လုပ်ပေးရင် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်မယ်လို့ ပြောပြပါတယ်။

ကျန်းမာရေးသုံးခြေအိတ်တွေဟာ သွေးကြောထုံး အခြေအနေ အပါအဝင် ပြဿနာအချို့ကို ကုသရာမှာ လူသုံးများလာပါတယ်။
Source: New York Post
#World_Health
#Published_ 1 May 2024
#YMG_News #Yangon_Times #Yangon_Media_Group