#World_Animal
Published 29 February 2024
နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် မြွေတွေဟာ ဆင့်ကဲပြောင်းလဲနိုင်စွမ်း မြင့်မားတဲ့ သတ္တဝါများဖြစ်တယ်လို့ တွေ့ရှိလာပြီး ခေတ်ကာလ ကြာလာတာနဲ့အမျှ မြွေတွေဟာ လျင်မြန်စွာ တတ်မြောက်နိုင်စွမ်း တိုးတက်လာပါတယ်။
မြွေတွေက အသက်ရှင်သန်ဖို့ ပတ်ဝန်းကျင်နဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း မြင့်မားတာကြောင့် အနီးစပ်ဆုံးမျိုးရင်းတွေဖြစ်တဲ့ ပုတ်သင်တွေထက် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာကြတယ်လို့ သုတေသီများ ဖော်ပြထားကြပါတယ်။
ဒါ့အပြင် မြွေတွေက ပုတ်သင်တွေထက် ဆင့်ကဲပြောင်းလဲနိုင်စွမ်း ၃ ဆ ပိုမိုမြန်ဆန်တယ်လို့လည်း ဆိုကြပါတယ်။
သူတို့ဟာ ပြင်လွယ်ပြောင်းလွယ်ရှိကြပြီး သားကောင်တွေကို ခွဲခြားသိရှိကြတယ်လို့ မီချီဂန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒန်နီယယ်ရာဘိုစကီက ပြောပြလိုက်ပါတယ်။
ဒီလေ့လာချက်က မြွေတွေနဲ့ ခြေမပါတဲ့ ပုတ်သင်တွေကြား ကွာခြားချက်ကို ဖော်ပြနေပါတယ်။
ကမ္ဘာပေါ်မှာ မြွေအမျိုးအစားပေါင်း ၄၀၀၀ ကျော်ရှိနေပြီး စားစရာအမျိုးမျိုး၊ သားကောင်လိုက်ပုံ အမျိုးမျိုး၊ တိုက်ခိုက်ပုံ အမျိုးမျိုး ရှိကြပါတယ်။
ကမ္ဘာတဝှမ်း ရာသီဥတုအမျိုးမျိုး နေထိုင်ကျက်စားရာဒေသ အမျိုးမျိုးတို့ကြား ဆိုးရွားတဲ့ အခြေအနေတွေကို မြွေတွေက အံတုထားနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဒိုင်နိုဆောတွေ မျိုးသုဥ်းသွားတဲ့ ဖြစ်ရပ်မျိုးကနေ မြွေတွေရှင်ကျန်နေတာ ဖြစ်ပါတယ်။
#World_Animal #မြွေများသည်နီးစပ်မျိုးရင်းသတ္တဝါ #ပိုမိုလျင်မြန်စွာဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိ #Source: WION