#World_Health
Published 29 February 2024


အစာအိမ်ကင်ဆာဆိုတာ အစာအိမ်အတွင်းသားတွေကို ထိခိုက်စေတာဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယမြောက် အသေအများဆုံးနဲ့ ပဥ္စမမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပါတယ်။

အစာအိမ်ကင်ဆာက မျိုးရိုးဗီဇနဲ့ စားသောက်နေထိုင်မှု ပုံစံတို့ကြောင့် များစွာသက်ရောက်နေပါတယ်။

အချိန်ကြာမြင့်စွာ အစာမကြေခြင်း၊ ရင်ပူခြင်း၊ မလိုအပ်ဘဲ ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားရခက်ခြင်းတို့က ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။

သတိထားရှောင်ကြဥ်ရမယ့် အလေ့အကျင့်တွေကတော့ ..

(၁) အငန်များသောအစားအစာ စားလွန်းခြင်း

ဆားများတဲ့ အစားအစာတွေ စားသောက်ခြင်းက အစာအိမ်နံရံ ရောင်ရမ်းစေကာ အစာအိမ်ကင်ဆာ ဖြစ်စေပါတယ်။

(၂) အလွန်အကျွံ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်၊ အစာအိမ်၊ အရေပြားတို့ ထိခိုက်စေရုံမက ကိုယ်ခံအားစနစ် အားနည်းစေပြီး ရောဂါများ ဝင်လာနိုင်ပါတယ်။

(၃) အချိုဓာတ်များသော မုန့်နှင့်အချိုရည်

သကြားပါဝင်မှုများတဲ့ မုန့်တွေ၊ အချိုရည်တွေ စားသုံးခြင်းဖြင့် ကျန်းမာရေးပြဿနာ အများအပြား ဖြစ်စေနိုင်ပြီး အဝလွန်ခြင်း၊ အစာအိမ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။

(၄) အသီးအရွက်များ မစားသုံးခြင်း

သင့်လျော်တဲ့ အသီးတွေ၊ အရွက်တွေ မစားသုံးဘဲ အာဟာရဓာတ် ချို့တဲ့လာပါက ကျန်းမာရေး ဘေးအန္တရာယ်များ ဖြစ်လာနိုင်ပါတယ်။

(၅) ဖိစီးမှုများလွန်းခြင်း

ရေရှည်ဖိစီးမှုများပါက ခန္ဓာကိုယ်မှာ ဖိအားများစေပြီး ကိုယ်ခံအားစနစ် အားနည်းစေကာ ကင်ဆာဖြစ်နိုင်ခြေ များစေပါတယ်။

ဒီလိုလက္ခဏာတွေကို ကြာမြင့်စွာ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

#World_Health #အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ #အလေ့အကျင့်(၅)မျိုး #Source: DoctorNDTV