#World_Science
Published 04 February 2024


အမေရိကန်ဟာ အခုအချိန်မှာဆိုရင် ဂြိုဟ်သားများ ဝင်ရောက်ကျူးကျော်လာပါက ယင်းကိုယ်တိုင်ပင် ကာကွယ်နိုင်စွမ်း မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဌာနက မကြာသေးမီက ဖော်ပြလိုက်ပါတယ်။

 

ဒါတွေဟာ အမည်မသိ ထူးခြားဖြစ်စဥ်၊ တစ်နည်းအားဖြင့် UFO တွေမှ ခြိမ်းခြောက်တာတွေကို အမေရိကန်ရဲ့ တုန့်ပြန်နိုင်စွမ်းအပေါ် သုံးသပ်ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒီဖြစ်စဥ်တွေကို ကိုင်တွယ်ဖြေရှင်းရန် ပင်တဂွန်က AARO ရုံးကို ၂၀၂၂ ဇူလိုင်လက ဖွဲ့စည်းခဲ့ပြီး စစ်ဆေးရေးမှူးချုပ်က ဂြိုဟ်သားကျူးကျော်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ကာကွယ်နိုင်စွမ်းကို သံသယရှိလာပါတယ်။

 

ဂြိုဟ်သားရန်နဲ့ ပတ်သက်လို့ ကာကွယ်ရေးဌာနရဲ့ ချဥ်းကပ်ပုံတွေ မသင့်လျော်တာကြောင့် တိုင်းပြည်လုံခြုံရေးနဲ့ စစ်တပ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ထင်သာမြင်သာရှိအောင် အများပြည်သူကို ချပြရတာဖြစ်တယ်လို့ စစ်ဆေးရေးမှူးချုပ် ရောဘတ်စတော့ချ်က ပြောကြားလိုက်ပါတယ်။

 

လက်ရှိထောက်လှမ်းရေးများ၊ တန်ပြန်ထောက်လှမ်းရေးများ၊ ကာကွယ်ရေးမူဝါဒများနဲ့ ပတ်သက်ပြီး အခန်းကဏ္ဍများ၊ တာဝန်ဝတ္တရားများ၊ လိုအပ်ချက်များ ဖြေရှင်းရန် အကြံပြုချက် ၁၁ ချက်ကို တင်ပြခဲ့ပါတယ်။

 

ဒီမူဝါဒကို AARO ရုံးမှ ညွှန်ကြားရေးမှူး၊ ကြည်းတပ် ရေတပ် လေတပ်မှ အတင်းရေးမှူးချုပ်များ၊ ပူးတွဲစစ်ဌာနချုပ်ဥက္ကဌတို့နဲ့ ပူးပေါင်းကာ ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။

 

#World_Science #ကာကွယ်နိုင်စွမ်းမရှိဟုထုတ်ဖော်ဖွင့်ဟ #ဂြိုဟ်သားများကျူးကျော်မှု #Source: WION