#World_Health
Published 20 January 2024


ကျန်းမာရေးနဲ့ သင့်လျော်ပြီး ညီညွတ်မျှတစွာ စားသုံးခြင်း၊ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် ကိုယ်အလေးချိန်ချဖို့ကို အကူအညီဖြစ်စေနိုင်ပါတယ်။

 

အောင်မြင်စွာ ဝိတ်ချဖို့ရာ ရည်မှန်းချက်နဲ့ ဇွဲရှိဖို့က အရေးကြီးတယ်လို့ ကနေဒါမှ ထရိန်နာ မိုက်ကယ်ဟမ်လင်းက ပြောပြပါတယ်။

 

ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ချဖို့ အကူအညီဖြစ်စေတဲ့ နည်းလမ်းများကို ဖော်ပြသွားပါတယ်။


 
(၁) ရယ်မောခြင်း

 

တစ်နေ့ကို ၁၀ မိနစ်  ၁၅ မိနစ်ခန့် ရယ်မောခြင်းဖြင့် ၄၀ ကယ်လိုရီလောက် ကျနိုင်တဲ့အပြင် ဝိတ်တက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ကော်တီဆောလ်ဟော်မုန်းကို လျော့ကျစေပါတယ်။


 
(၂) သွားလိုသည့်နေရာကနေ ကားကိုအနည်းငယ်ကွာဝေးစွာပါကင်ထိုးခြင်း

 

ကားပါကင်ထိုးတဲ့အခါ သွားရမယ့်နေရာကနေ ခပ်လှမ်းလှမ်းထိုးသင့်ပြီး လမ်းလျှောက်တဲ့အချိန် ပိုရလာမှာဖြစ်ပါတယ်။


 
(၃) စားသောက်ပြီးနောက် လမ်းလျှောက်ခြင်း

 

ထမင်းစားပြီးနောက် လမ်းလျှောက်ပေးပါက အစားအစာမှ စွမ်းအင်တွေကို ဆဲလ်တွေထဲသို့ ပို့ပေးကာ သွေးတွင်းသကြားဓာတ်ကို နည်းပါးစေပါတယ်။


 
(၄) အိမ်မှုကိစ္စပြုလုပ်ခြင်း

 

အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဥယျာဥ်ခြံထိန်းသိမ်းခြင်းတို့ဖြင့် ကယ်လိုရီ ၁၀၀ ကျော်ကနေ ၂၀၀ လောက်အထိ ကျဆင်းနိုင်ပါတယ်။


 
(၅) အနီးနားကူးလူးလျှောက်သွားတတ်ခြင်း

 

အလုပ်ခွင်နေရာ၊ နေထိုင်ရာအခန်း၊ ပတ်ဝန်းကျင်သို့ ရောက်တဲ့အခါမှာ လမ်းလျှောက်သွားလာတတ်တဲ့ အကျင့်ကလည်း ဖိစီးမှုတွေ ပြေပျောက်စေတဲ့အပြင် ခြေဖျားလက်ဖျားများ တောင့်တင်းခြင်းကို သက်သာစေပါတယ်။


 
(၆) အသက်ပြင်းပြင်းရှူခြင်း

 

အစားမစားခင်မှာ ၄ ကြိမ် ၅ ကြိမ်ခန့် အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်ပြုလုပ်ခြင်းဖြင့် ကယ်လိုရီပိုမိုလောင်ကျွမ်းစေပြီး ဇီဝကမ္မဖြစ်စဥ်များကို လှုံ့ဆော်ပေးပါတယ်။


 
(၇) ရေအေးချိုးခြင်း

 

ချမ်းအေးတဲ့အပူချိန်နဲ့ ထိတွေ့တဲ့အခါ အဆီညိုတွေ လှုံ့ဆော်ပေးကာ ကယ်လိုရီလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးပါတယ်။


 
(၈) ခြေသလုံးလေ့ကျင့်ခန်းလုပ်ခြင်း

 

အိမ်မှုကိစ္စများ ပြုလုပ်စဥ် ခြေသလုံးထိရောက်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပြီး ခြေထောက်မြှောက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။


 
(၉) လုံလောက်စွာ အိပ်စက်ခြင်း

 

ကောင်းစွာအိပ်စက်တဲ့အခါ ဟော်မုန်းတွေ ထိန်းညှိစေပြီး အလွန်အကျွံစားခြင်းမှ ကာကွယ်ပေးပါတယ်။


 
(၁၀) နေ့စဥ်ခြေလှမ်းအရေအတွက် သတ်မှတ်ခြင်း

 

လူအများစု လုံလောက်စွာ လမ်းမလျှောက်ဖြစ်တာဟာ သေချာမမှတ်ထားလို့ဖြစ်ပြီး စက်ပစ္စည်းတစ်ခုခုဖြင့် မှတ်သားထားခြင်းက ထိရောက်စေမှာ ဖြစ်ပါတယ်။

 

#World_Health #အားကစားခန်းမသို့မသွားဘဲ #ကိုယ်အလေးချိန်ကျစေသည့်နည်းလမ်း #Source: New York Post