#World_Health
Published 20 January 2024


လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခန့်က ကမ္ဘာတဝှမ်းမှာ မှိုရောဂါကူးစက်မှုကြောင့် နှစ်စဥ်သေဆုံးသူ ၂ သန်းခန့် ရှိခဲ့မယ်လို့ ခန့်မှန်းထားရာကနေ လတ်တလော တွေ့ရှိချက်များအရ ၃.၈ သန်းခန့်ရှိလာရာ ၂ ဆနီးပါး များလာပါတယ်။

 

ဒီအရေအတွက်ဟာ ကမ္ဘာတဝှမ်း စုစုပေါင်းသေဆုံးစာရင်းရဲ့  ၆.၈ ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။

 

ဒီအချက်အလက်တွေကို နှိုင်းယှဥ်ပါက မှိုရောဂါကူးစက်မှုတွေက အသက်အန္တရာယ်ကို သိသိသာသာ ခြိမ်းခြောက်နေပါတယ်။

 

အဆုတ်ရောင်ရောဂါကြောင့် ၂,၆၀၀,၀၀၀ ဦး၊ တီဘီကြောင့် ၁,၂၀၈,၀၀၀ ဦးရှိနေပြီး ဆေးလိပ်ကြောင့်အဆုတ်ရောဂါဖြင့် သေဆုံးသူပေါင်း ၃,၂၂၈,၀၀၀ ရဲ့ ၃ ပုံ ၁ ပုံခန့်ရှိနေပါတယ်။

 

မှိုရောဂါရှာဖွေရေးများ တိုးတက်လာပေမယ့် အသုံးချနိုင်စွမ်းကတော့ အကန့်အသတ်ရှိနေပါတယ်။

 

Aspergillus ကူးစက်မှုမျိုးကို အချိန်မီတွေ့ရှိပါက နှစ်စဥ်အသက်ပေါင်း သန်းနဲ့ချီ ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။

 

Aspergillus fumigatus နဲ့ Aspergillus flavus တို့ဟာ အသက်အန္တရာယ်ရှိတဲ့ အဆုတ်ရောဂါများ ဖြစ်စေပါတယ်။

 

ရင်ကြပ်၊ တီဘီ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ အင်္ဂါအစားထိုးခွဲစိတ်ခြင်းတို့ဟာ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။

 

ရောဂါမှားယွင်းတွေ့ရှိခြင်း၊ စမ်းသပ်မှု မလုံလောက်ခြင်း၊ ဆေးရှားပါးခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု များပြားလာရပါတယ်။

 

ကောက်ပဲသီးနှံတွေမှာ မှိုသတ်ဆေးတွေ မခွဲခြားဘဲ အသုံးပြုနေတာကလည်း ဆေးယဥ်ပါးလာကာ ကုသရန်ခက်ခဲလာပါတယ်။

 

Aspergillus နဲ့ Candida ကူးစက်သူများကြား ကိုဗစ်ကပ်ရောဂါ ပြဿနာကလည်း ပိုမိုခက်ခဲစေပါတယ်။

 

မှိုရောဂါများနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များကြား ဆက်နွယ်ကူးစက်မှုတွေကြောင့် မှိုမည်းလို့ခေါ်တဲ့ ရောဂါကလည်း အိန္ဒိယမှာ အဖြစ်များလာပါတယ်။

 

#World_Health #မှိုရောဂါကူးစက်မှု #ဆယ်စုနှစ်တစ်ခုအတွင်းနှစ်ဆမြင့်တက် #Source: WION