၁၇ ဇန်နဝါရီ ၂၀၂၄

ထိုင်းနိုင်ငံတွင် ထောင်ကျနေသည့်  ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည် သူ၏ အသက်နှင့်ကျန်းမာရေး အခြေအ နေကြောင့် လာမည့်လ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြောင်း ယနေ့ ဇန်နဝါရီ (၁၇)ရက်တွင် ထိုင်း အကျဉ်းဌာနအရာရှိတစ်ဦးကပြောပါတယ်။

အသက် (၇၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီလျံနာ သက်ဆင်သည် ထောင်(၈)နှစ်ကျခံရန် ပြီးခဲ့တဲ့နှစ်ဩဂုတ်လတွင်  ပြည်တော်   ပြန်လာပြီး နာရီပိုင်းအတွင်း သွေးတိုးနင့် ရင်ဘတ်တောင့်လာမှုကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ သူ၏ ထောင်ဒဏ်ကိုလည်း ဘုရင်မင်းမြတ်က တစ်နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။

သူ့ကျန်းမာရေးကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်တယ်ဆိုပြီး အကျဉ်းဌာနက အကျဉ်းဌာနဆေးရုံမှာ သူဆက်ပြီးနေခွင့် ထပ်မံ တိုးမြှင့်ပေးခဲ့ပါတယ်။

“ သတ်မှတ်ချက်များအရ သက်ဆင်ဟာ အထူးလွတ်ငြိမ်းချမ်းသာခွင့်မှာ  အကျုံးဝင်ပါတယ်” ဟု အကျဉ်းဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဆစ်သီ ဆူဆီဗောင်းက ပြောပါတယ်။ ဖေဖော်ဝါရီမှာ သက်ဆင်ထောင်ကလွတ်လာမှာလားဟု သတင်းထောက်များ ၏ အမေးကို သူကဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

သူ့လွတ်ငြိမ်းခွင့်အတွက် ဘန်ကောက်ရမန်အကျဉ်းထောင်ဆီက တရားဝင်တောင်းခံလွှာ မရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

Source Reuters