Published 10 January 2024

လူသားတွေက အမွှေးရနံ့တွေကို ကြိုက်နှစ်သက်ကြတာကြောင့် အမွှေးနံ့ပစ္စည်း ထုတ်လုပ်သူတွေဟာ ရေမွှေးသာမက အမျိုးမျိုးသော ရနံ့လွှတ်ပစ္စည်း၊ မွှေးရနံ့ဆီ၊ ဖယောင်းတိုင်၊ အမွှေးတိုင်စသဖြင့် ထုတ်လုပ်လာကြပါတယ်။

အမွှေးရနံ့တွေဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်ပိုင်းကို ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

အိပ်ခန်းထဲမှာ မွှေးရနံ့သင်းပျံ့အောင် ထားခြင်းဖြင့် ဒီမန်ရှာရောဂါဖြစ်နိုင်ခြေ သိသိသာသာ ကျဆင်းစေပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စမ်းသပ်ချက်ပြုလုပ်ရာမှာ အသက်ကြီးပိုင်းတွေကို ညတိုင်း ၂ နာရီကြာအောင် အိပ်ခန်းထဲမှာ မွေးရနံ့သင်းပျံ့စေခြင်းဖြင့် ဦးနှောက်အသိဉာဏ် စွမ်းဆောင်ရည် ၂၂၆ ရာခိုင်နှုန်း မြင့်တက်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။

အသက် ၆၀ မှ ၈၅ နှစ်ကြား မှတ်ဉာဏ်ချို့ယွင်းမှု မရှိခဲ့တဲ့ လူကြီး ၄၃ ဦးကို စမ်းသပ်ရာမှာ အနံ့ ၇ မျိုးပါတဲ့ မွှေးရနံ့တွေကို အသုံးပြုခဲ့ပါတယ်။

အယောက် ၂၀ ကို အနံ့အပြည့်ပါတဲ့ ပစ္စည်းဖြင့် အိပ်စက်စေခဲ့ပြီး ကျန်တဲ့ ၂၃ ယောက်ကိုတော့ အနံ့အနည်းငယ်ဖြင့်သာ စမ်းသပ်ခဲ့ပါတယ်။

၆ လအကြာမှာ အနံ့အပြည့်ရှုသွင်းရတဲ့ သူတွေဟာ ကျန်တဲ့သူတွေထက် မှတ်ဉာဏ်ပိုင်းနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေမှာ သာလွန်နေခဲ့ပြီး အိပ်စက်ရာမှာလည်း ပိုမိုကောင်းမွန်နေခဲ့ပါတယ်။

ဒါကြောင့် မွှေးရနံ့တွေကို အပေါ်ယံရှုမိရုံသာ အသုံးပြုမယ်ဆိုရင် မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေပြီး လူကြီးတွေမှာ ဒီမန်ရှာဖြစ်နိုင်ခြေကို ကာကွယ်ပေးတယ်လို့ လေ့လာချက်မှာ သုံးသပ်ထားပါတယ်။
Source: WION.
#World_Health
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News