Published 10 January 2024 

 
အာရုံစူးစိုက်မှုကောင်းပြီး ကောင်းစွာလေ့လာသင်ယူနိုင်ရန်အတွက် စားသင့်စားထိုက်တဲ့ စားစရာများကို မက်ကာဘီတိုင်ဗီမှ အော်နာအေဗီဒန်က အကြံပြုသွားပါတယ်။ 
 
(၁) ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်များ၊ အမျှင်ဓာတ်များ ပါဝင်ကာ မှတ်ဉာဏ်ပိုင်းကို အထောက်အကူ ဖြစ်စေပါတယ်။ 
 
(၂) အစိမ်းရင့်ရောင်အရွက်တွေ ဖြစ်တဲ့ ကိုက်လံ၊ ဟင်းနုနွယ်တို့လို အရွက်တွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး တစ်နေကုန် အားအင်လုံလောက်စေပါတယ်။ 
 
(၃) ဗာဒံစေ့၊ ဖရုံစေ့၊ နေကြာစေ့တို့ဟာ ဗိုက်တာမင်အီး ပါဝင်ပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ 
 
(၄) ဆန်ညို၊ အုတ်စပါးတို့လို ကောက်ပဲသီးနှံတွေဟာ လိုအပ်တဲ့ခွန်အားတွေ ပေးစွမ်းနိုင်ပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ 
 
(၅) နနွင်းမှာပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းကို ဆန့်ကျင်ပေးကာ ဦးနှောက်ကျန်းမာရေးကို ပံ့ပိုးပေးပါတယ်။ 
 
(၆) အာဟာရဓာတ်ကြွယ်ဝတဲ့ ကြက်ဥမှာ ကိုလင်းဓာတ်ပါဝင်တာကြောင့် မှတ်ဉာဏ်ထိန်းသိမ်းခြင်းနဲ့ စိတ်အခြေအနေတို့ကို တိုးတက်စေပါတယ်။ 
 
(၇) ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများပါဝင်ကာ သွေးစီးဆင်းမှုကောင်းစေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။ 
 
(၈) အိုမီဂါ၃ ဖက်တီးအက်ဆစ်က ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွမ်းရှပ်တို့မှာ ပါဝင်ပြီး ဦးနှောက်ဆဲလ် အမြှေးပါးများအတွက် မရှိမဖြစ် အစိတ်အပိုင်း ဖြစ်ပါတယ်။ 
 
နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို အာဟာရရှိစွာ စားသုံးခြင်းဖြင့် အလုံးစုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ 
 
ဦးနှောက်ကျန်းမာရေးနဲ့ စွမ်းဆောင်ရည် ကောင်းမွန်ဖို့အတွက် အဆာပြေစားစရာတွေဆိုရင်တော့ အခွံမာသီး၊ အစေ့အဆန်၊ ချောကလက်တို့ ရောစပ်ထားတဲ့မုန့်၊ လတ်ဆတ်တဲ့အသီးနဲ့ အခွံမာသီးထောပတ်၊ ကောက်ပဲသီးနှံမှ ထုတ်လုပ်တဲ့ ခရက်ကာမုန့်ကြွပ်တို့ ဖြစ်ပါတယ်။ 
Source: The Jerusalem Post 
#Yangon_Media_Group
#World_Health
#Published_ 10 January 2023 
#YMG_News #Yangon_Times