#World_Health
Published 06 January 2024


၂၀၂၄ နှစ်သစ်မှာ အသက်ရှည်ကျန်းမာလာစေရန် အချို့လူတွေက ဆုံးဖြတ်ချက်တွေ ပြုလုပ်လာကြပါတယ်။


သိပ္ပံနည်းကျ အသိပညာတွေ ထွန်းကားလာပေမယ့် လူတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်းက ဆယ်စုနှစ်များအတွင်း လျော့နည်းလာပါတယ်။

 

ဒါကြောင့် အခြားလူကြိုက်များနေတဲ့ အကြောင်းအရာတွေထက် ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းငါးမျိုးကို ဖော်ပြလိုက်ပါတယ်။


 
(၁) ဂလူးကို့စ်နည်းပါးပြီး ရောင်ရမ်းခြင်းကိုဆန့်ကျင်တဲ့ အစားအစာများစားခြင်း

 

ဂလူးကို့စ်ပါဝင်မှုနှုန်း နည်းပါးတဲ့ စားစရာတွေက အဆီကျစေပြီး နေ့စဥ်ကယ်လိုရီ စားသုံးမှုလုံလောက်ပါက ကြွက်သားထိန်းသိမ်းပေးပါတယ်။

 

အသီးအရွက်များမှ ကာဗိုဟိုက်ဒရိတ်များကို အများအပြားစားသုံးသင့်ပြီး သံလွင်ဆီ ထောပတ်ဆီတို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ စားသုံးသင့်ပါတယ်။


 
(၂) ခွန်အားသုံးလေ့ကျင့်ခန်းများ ဦးစားပေးခြင်း

 

အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုများ ကာကွယ်ဖို့အတွက် ခွန်အားပြု လေ့ကျင့်ခန်းတွေက အရေးကြီးပါတယ်။

 

ကြွက်သားထုကြီးထွားအောင် ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါများ၊ ကင်ဆာရောဂါများလည်း ကင်းဝေးစေပြီး အဆီတွေကို အလျင်မြန်ဆုံးဖယ်ရှားနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။


 
(၃) သွေးပေါင်ချိန်တိုင်းတာခြင်း

 

သွေးပေါင်ချိန်ကို တိုင်းတာခြင်းက မိမိရဲ့ရောဂါအခြေအနေတွေကို စောင့်ကြည့်တဲ့နေရာမှာ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။

 

 

သွေးပေါင်ချိန်ကို ပုံမှန်ပမာဏအတွင်း ရှိနေအောင် အမြဲထိန်းသိမ်းသင့်ပြီး မြင့်တက်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

 

သွေးပေါင်ချိန် ပုံမှန်ဖြစ်နေစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စွာစားခြင်း၊ နေ့စဥ်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဖိစီးမှုလျှော့ချခြင်းတို့ ပြုလုပ်နိုင်ပါတယ်။


 
(၄) သွေးစစ်ဆေးခြင်း

 

အသက်ကြီးလာတာနဲ့အမျှ ရောင်ရမ်းလာခြင်း၊ ဟော်မုန်းကျဆင်းလာခြင်းတို့ ဖြစ်လာကာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန် ခက်ခဲလာပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ သွေးစစ်ဆေးခြင်း ပြုလုပ်သင့်ပြီး အရေးကြီးတဲ့ ဓာတ်တွေကတော့ HbA1c ၊ အင်ဆူလင်၊ သွေးတွင်းအဆီဓာတ်၊ အေပိုလိုင်ပိုပရိုတိန်းဘီ၊ CRP ၊ ဟော်မုန်းများကို စစ်ဆေးသင့်ပါတယ်။


 
(၅) စိတ်ဖိစီးမှုဒဏ်ကို အတတ်နိုင်ဆုံးလျှော့ချခြင်း

 

ယေဘုယျကျန်းမာရေးအတွက် အရေးကြီးဆုံးတစ်မျိုးက ဖိစီးမှုကို ထိန်းချုပ်ဖို့ပါပဲ။

 

ဖိစီးမှုလျှော့ချဖို့အတွက် ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ ကမ်းခြေမှာ အနားယူခြင်း၊ ချွေးထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

ဒါ့အပြင် လုံလောက်စွာ အိပ်စက်ဖို့နဲ့ အပေါင်းအသင်းများနဲ့ ပြောဆိုဆက်ဆံဖို့ကလည်း အရေးကြီးပါတယ်။

 

#World_Health #သက်ရှည်ကျန်းမာစေရန် # နှစ်သစ်တွင်ကျင့်ကြံသင့်သည့်နည်းလမ်း #Source: New York Post