#World_Health
Published 24 December 2023


ညမအိပ်ခင် သွားတိုက်ခြင်းဟာ အရေးပါတဲ့ နေထိုင်မှုပုံစံတစ်ခု ဖြစ်ပေမယ့် လူအများပြုလုပ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။

 

ခံတွင်းကျန်းမာရေးကို လုံးဝလျစ်လျူရှုထားတာ မဟုတ်ပေမယ့် လူအများအပြားက ညဘက်သွားခြင်းကို ဂရုမစိုက်ကြပါဘူး။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ၇၀ ရာခိုင်နှုန်းသော အိန္ဒိယလူမျိုးတွေဟာ ပျင်းရိမှုကြောင့် ညဘက်သွားမတိုက်ဖြစ်ကြဘူးလို့ ပညာရှင်များ ခန့်မှန်းလိုက်ပါတယ်။

 

အခုအခါမှာတော့ အိန္ဒိယလူမျိုး ၄၅ ရာခိုင်နှုန်းကသာ တစ်နေ့ကို သွား ၂ ကြိမ်တိုက်နေကြပါတယ်။



လူ ၁၀ ယောက်မှ ၉ ယောက်လောက်က သွားပိုးစားခြင်းခံစားနေရတာက နေ့စဥ်နဲ့အမျှ ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ဘူးဆိုတာကို ညွှန်ပြနေကြောင်း အိန္ဒိယပြည်သူ့ သွားကျန်းမာရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာဗန်စီခရစ္စနာရက်ဒီက ပြောပြသွားပါတယ်။

 

ညဘက်သွားမတိုက်ဖြစ်တာက အသိမရှိလို့ဆိုတာထက် ပျင်းရိမှုကြောင့် ဖြစ်နေပါတယ်။

 

ညဘက်သွားမတိုက်ပါက ခံတွင်းကျန်းမာရေး အမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ တစ်နေကုန်စားထားတဲ့ အစာတွေ ဘက်တီးရီးယားတွေက သွားကြားထဲမှာ စုပြုံလာပြီး ကြွေလွှာတွေကို ပျက်စီးစေတဲ့ အက်ဆစ်တွေ ထုတ်လုပ်ကြကြောင်း ဒေါက်တာက ပြောပြပါတယ်။

 

ဒါ့အပြင် ညအိပ်နေစဥ် တံတွေးထုတ်လုပ်မှု နည်းပါးကာ ဘက်တီးရီးယား ပေါက်ဖွားလာပြီး ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။

 

သွားဖုံးမှာ အညစ်အကြေးတွေ စုပြုံလာပြီး ရောင်ရမ်းခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့ ဖြစ်လာကာ အမျိုးမျိုးသောရောဂါများ ဖြစ်လာနိုင်ပါတယ်။

 

ခံတွင်းသန့်ရှင်းရေးကို လျစ်လျူရှုမိတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေပါ များလာတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။

 

တစ်နေ့ ၂ ကြိမ်သွားတိုက်ဖြစ်စေမယ့် နည်းလမ်းများကတော့..

 

-        ခံတွင်းကျန်းမာရေးကို စောင့်ရှောက်ကြဖို့ ပညာရှင်များအနေနဲ့ တိုက်တွန်းသင့်ပါတယ်။

 

-        ငယ်ရွယ်စဥ်ကတည်းက တစ်နေ့ ၂ ကြိမ်သွားတိုက်ရန် အရေးကြီးကြောင်းကို စာသင်ကျောင်းတွေမှာ ပညာပေးရပါမယ်။

 

-        ခံတွင်းကျန်းမာရေးအကြောင်း သတိထားမိစေရန် အလုပ်ခွင်တွေနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ အခမဲ့ခံတွင်းစမ်းသပ်ခြင်းများ ချမှတ်သင့်ပါတယ်။

 

-        ညမအိပ်ခင် သွားတိုက်ဖို့အတွက် နာရီသံပတ်ပေးခြင်း နည်းလမ်းကိုလည်း အသုံးပြုသင့်ပါတယ်။

 

#World_Health #ညဘက်သွားတိုက်ခြင်း #ခံတွင်းကျန်းမာရေးအရေးကြီးပုံ Source: India Today