#World_Health
Published 20 December 2023


တရုတ်ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်တဲ့ ဆေးတစ်မျိုးဟာ တွေ့ရခဲတဲ့ အဆုတ်ကင်ဆာတစ်မျိုးကို ထိရောက်စွာ တိုက်ဖျက်နိုင်တယ်လို့ SCMP က ဖော်ပြလိုက်ပါတယ်။

 

ပလက်တီနမ် အခြေပြုကုသနည်း အသုံးပြုလို့မရတဲ့ ထိုအဆုတ်ကင်ဆာတစ်မျိုးဟာ ထိုဆေးကိုတော့ ထိရောက်စွာ တုန့်ပြန်တာကို တွေ့ရှိခဲ့ကြပါတယ်။

 

တရုတ်အမျိုးသား ဆေးဝါးထုတ်ကုန် စီမံကွပ်ကဲရေးနဲ့ အမေရိကန် အစားအစာနဲ့ဆေးဝါး ကွပ်ကဲရေးတို့က ထိုဆေးကို အောင်မြင်တဲ့ကုသနည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။

 

Sunvozertinib လို့ခေါ်တဲ့ဆေးဖြင့် ကင်ဆာအဆင့်မြင့်လူနာ ၁၀၄ ဦးကို ဒုတိယအဆင့် လက်တွေ့စမ်းသပ်ရာမှာ ၆၁ ရာခိုင်နှုန်းက ကင်ဆာအကျိတ်ကို ဆန့်ကျင်နိုင်ခဲ့ပါတယ်။

 

တရုတ်အရှေ့ပိုင်း ကျန်ဆုပြည်နယ်ရှိ Dizal ကုမ္ပဏီကနေ ထိုဆေးကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

 

အကျိတ်မှာ မျိုးဗီဇပြောင်းလဲတဲ့ အဆုတ်ကင်ဆာတစ်မျိုးကို တိုက်ဖျက်ရန် ရည်ရွယ်ပြီး ထိုဆေးကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ စင်တာ ၃၇ ခုမှာ sunvozertinib ဒုတိယအဆင့် စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြပါတယ်။


လူနာတွေထဲက ၆၁ ရာခိုင်နှုန်းက မျှော်မှန်းတဲ့အတိုင်း ဆေးကိုတုန့်ပြန်နိုင်ခဲ့ပြီး ၅၉ ဦးရှိခဲ့ပါတယ်။

 

#World_Health #အဆုတ်ကင်ဆာ #တိုက်ဖျက်နိုင်ကြောင်း #Source: WION