Published 19 December 2023

ဆံပင်ကျွတ်တဲ့ ပြဿနာဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်တတ်ပါတယ်။

ဆောင်းရာသီအတွင်း ဦးရေပြား ခြောက်သွေ့ခြင်း၊ ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ အဖြစ်များပြီး ဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိနေပါတယ်။

အာဟာရပညာရှင် လော့ဗ်နိဘာထရာက ဆံပင်ကျွတ်ခြင်းဟာ ကိုယ်တွင်းရော ကိုယ်ပြင်အကြောင်းအရာတွေကြောင့် ဖြစ်တတ်ပြီး သတိပြုရမယ့် နောက်ကွယ်က လက္ခဏာတွေရှိနေပါတယ်။

(၁) ဆံပင်ဖွံ့ဖြိုးခြင်း၊ ဆံပင်ကြေပျက်ခြင်း စတဲ့ဖြစ်စဥ်တွေမှာ ဟော်မုန်းတွေက သက်ရောက်နေပြီး ဟော်မုန်းမညီမျှခြင်းက ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုလို့ ဆိုပါတယ်။

(၂) ဆံကေသာ ကျန်းမာရေးမှာ အာဟာရဓာတ်များစွာက အရေးကြီးပြီး အာဟာရဓာတ်များ ချို့တဲ့ပါက ဆံပင်ကျွတ်လာနိုင်ပြီး ဒီအတွက် မဂ္ဂနီဆီယံ၊ ဇင့်၊ ဆယ်လီနီယံ၊ ဗိုက်တာမင်ဘီ၊ သံဓာတ်၊ ဖယ်ရီတင်၊ ပရိုတိန်းပမာဏတို့ကို စစ်ဆေးသင့်ပါတယ်။

(၃) သိုင်းရွိုက်လုပ်ဆောင်ချက် ချို့ယွင်းပါကလည်း ဆံပင်ကျွတ်နိုင်တာကြောင့် စစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။

(၄) စိတ်ဖိစီးမှုကြောင့် ကော်တီဆောလ်ဟော်မုန်း ပိုမိုထွက်ရှိကာ ဆံကေသာမွေးညင်းပေါက်များ ထိန်းသိမ်းခြင်းကို ထိခိုက်စေပါတယ်။

(၅) အူလမ်းကြောင်းက ခန္ဓာကိုယ်ထဲမှာ အရာရာကို ထိန်းချုပ်ထားပြီး အူလမ်းကြောင်းမှာ ညီမျှမှုမရှိပါက မရှိမဖြစ် ဗိုက်တာမင်များ စုပ်ယူခြင်းကို ထိခိုက်စေပါတယ်။

အူလမ်းကြောင်း ကျန်းမာစေဖို့အတွက်ဆိုရင် မျှတစွာ စားသုံးခြင်း၊ အာဟာရဓာတ်များ စုပ်ယူနိုင်ရန် အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းခြင်း၊ အရည်များများသောက်ခြင်း၊ ဖိစီးမှုကင်းဝေးအောင် ပြုလုပ်ခြင်း၊ အချိန်မှန်အိပ်စက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 19 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group