#World_Health
Published 10 December 2023


ဆီးကျိတ်ကင်ဆာဟာ ယောက်ျားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အင်္ဂလန်လူမျိုး ၈ ယောက်မှာ ၁ ယောက်နှုန်း ခံစားရလေ့ရှိပါတယ်။

 

ဒါပေမဲ့ အတော်များများက အချိန်အတော်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ မခံစားရတာမျိုး ဖြစ်တတ်ပါတယ်။

 

အသက်အန္တရာယ်ပေးတဲ့ ရောဂါမျိုးမဟုတ်ပေမယ့် စောစီးစွာ ကုသပါက ပျောက်ကင်းနိုင်ခြေများပါတယ်။


ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကတော့..

 

(၁) အသက်အရွယ်

 

အသက် ၅၀ အထက် အမျိုးသားတွေမှာ အဓိက ဖြစ်ပွားနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။

 

(၂) မျိုးရိုး

 

ဆွေမျိုးထဲမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးသူရှိရင် ရောဂါဖြစ်နိုင်ခြေ ၂ ဆခွဲ ပိုများပြီး အမျိုးတွေထဲက အသက် ၆၀ ကျော်မှ ဖြစ်တာဆိုရင် သင်ဟာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

 

(၃) လူမျိုး

 

သေချာအတည်မပြုနိုင်သေးပေမယ့် လူမည်းတွေဟာ အခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

 

လူမည်းမျိုးရိုးနဲ့ ရောစပ်တဲ့ သူတွေမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိနေပါတယ်။


 
ဆီးကျိတ်ကင်ဆာ ဖြစ်နေနိုင်တဲ့ အချို့သောရောဂါလက္ခဏာတွေကတော့..

 

-          မကြာခဏ ဆီးသွားရခြင်း

 

-          အိမ်သာသို့ အလျင်စလို သွားလိုခြင်း

 

-          မတ်တပ်ရပ်ဆီးသွားရန် ခက်ခဲခြင်း

 

-          ဆီးသွားရန် ကြာရှည်ခြင်း၊ အချိန်ကြာခြင်း

 

-          ဆီးစီးဆင်းမှုအားနည်းခြင်း

 

-          ဆီးအိမ်မှ အပြည့်အဝ ဆီးမထွက်ဘူးလို့ခံစားရခြင်း

 

-          ဆီးထဲ ဒါမှမဟုတ် သုတ်ရည်ထဲတွင် သွေးပါခြင်း တို့ဖြစ်နိုင်ပါတယ်။


 
ဆီးကျိတ်ဆိုတာက ဆီးအိမ်အောက်ရှိ သစ်ကြားသီးအရွယ်ခန့် ဂလင်းဖြစ်ပြီး ဆီးပြွန်ကို ရစ်ပတ်ထားပါတယ်။

 

ဆီးကျိတ်ကင်ဆာဟာ လိင်အင်္ဂါပြောင်းလဲထားတဲ့ အမျိုးသမီးတွေမှာတောင် ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။

 

#World_Health #ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ #စက္ကန့်(၃၀)အတွင်းသုံးသပ်နိုင် #Source: The Sun