Published 08 December 2023 

 
သွေးတိုးရောဂါ သက်သာစေတဲ့ rilmenidine ဆေးဟာ တီကောင်တွေမှာ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေတယ်လို့ သုတေသီများ တွေ့ရှိထားပြီး လူသားတွေမှာလည်း ပိုမိုသက်ရှည်ကျန်းမာစေနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်မားလာစေပါတယ်။ 
 
ယခင်လေ့လာချက်တွေမှာ rilmenidine က ကယ်လိုရီမြင့်တက်ခြင်းကို လျှော့ချပေးပြီး သတ္တဝါအမျိုးမျိုးကို အသက်ရှည်စေတယ်လို့ တွေ့ရှိထားပါတယ်။ 
 
Rilmenidine က တိရိစ္ဆာန်တွေမှာ ပျမ်းမျှနေထိုင်သက်တမ်း ပိုမိုကြာရှည်စေတယ်ဆိုတာကို ပထမဆုံး သက်သေပြနိုင်ခဲ့တယ်လို့ ဘာမင်ဂမ်တက္ကသိုလ်မှ မော်လီကျူးဇီဝအိုမင်းရင့်ရော်မှုဗေဒ ပညာရှင် ယော်ပက်ဒရိုမေဂယ်ဟေ့စ်က ပြောပြသွားပါတယ်။ 
 
ထိုဆေးက အခြားနေရာတွေမှာလည်း အသုံးချနိုင်မလားဆိုတာကို လေ့လာရန် စိတ်အားထက်သန်နေတယ်လို့ ပြောပြခဲ့ပါတယ်။ 
 
ဒီစမ်းသပ်ချက်က လူသားတွေမှာ အန္တရာယ်မဖြစ်စေဘဲ အသုံးပြုနိုင်မလားဆိုတာကို မသိရသေးဘဲ ကယ်လိုရီလျှော့ချနိုင်ခြင်းကို မထိခိုက်စေဘဲ အကျိုးကျေးဇူး ရရှိနိုင်မယ့် နည်းလမ်းများကို တွေ့ရှိရန် မျှော်လင့်နေကြပါတယ်။ 
 
ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ လေ့လာချက်မှာ rilmenidine နဲ့ ကုသခဲ့တဲ့ တီကောင်တွေဟာ အသက်ရှည်ခဲ့ပြီး ကျန်းမာရေးတိုးတက်ခဲ့ပါတယ်။ 
 
ထိုဆေးဟာ ကြွက်တွေရဲ့ အသည်းနဲ့ ကျောက်ကပ်တစ်ရှူးတွေမှာ ကယ်လိုရီလျှော့ချခြင်းနဲ့ ဆက်စပ်နေတဲ့ မျိုးဗီဇတွေကို လွှမ်းမိုးနေတယ်လို့လည်း တွေ့ရှိထားပါတယ်။
 
Rilmenidine ကနေ သက်ရှည်ခြင်း အကျိုးကျေးဇူးကို ရရှိစေတဲ့ သက်ရောက်မှုဟာ အဓိကဇီဝဆဲလ်လက်ခံနေရာ nish-1 ကြောင့် ဖြစ်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
 
nish-1 ပျက်စီးတဲ့အခါ အသက်ရှည်ခြင်း အာနိသင်လည်း မရတော့တာကြောင့် ထိုပစ္စည်းကို ထိန်းသိမ်းဖို့က အလွန်အရေးကြီးနေပါတယ်။ 
 
ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေကို ဘေးထွက်ဆိုးကျိုးတွေကြားက စားသုံးရတာထက်စာရင် rilmenidine က အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့နေရာမှာ အလားအလာပိုရှိပြီး ဘေးထွက်ဆိုးကျိုး ပိုနည်းစေပါတယ်။ 
 
သုတေသနက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် အနာဂတ်မှာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်နိုင်မယ့် rilmenidine ရဲ့အလားအလာကို လေ့လာနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။ 
Source: WION 
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times