ရုရှားမြို့တော်မော်စကိုရှိ ရက်ဒ်စကွဲမှာ ဆောင်းရာသီ ဧည့်ခရီးသွား စိတ်ဝင်စားစရာနေရာအဖြစ် ဧရာမရေခဲပြင် စကိတ်ကွင်းကြီးကို ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်ပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။
ဖွင့်လှစ်လာတာ ၁၈ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ GUM ရေခဲပြင်ကွင်းကြီးဟာ ၂,၇၀၀ စတုရန်းမီတာရှိပြီး အပူချိန် ၁၀ ဒီဂရီဆဲလ်စီးယပ်စ်မှာတောင် အေးခဲနေနိုင်ပါတယ်။
ဒီကွင်းကြီးကို နောက်နှစ်ဖေဖော်ဝါရီလအထိ ဖွင့်လှစ်ထားရန် စီစဥ်ထားပါတယ်။
#World_Attraction
#Published 04 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group