#World_Health
Published 04 December 2023


အသက် ၇၀ အရွယ် ယူဂန်ဒါအမျိုးသမီးကြီးတစ်ဦးဟာ အမွှာကလေးနှစ်ယောက် မွေးဖွားခဲ့ကြောင်း ဆရာဝန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။  

 

အသက် ၇၀ အရွယ်ဖြင့် ကလေးမွေးနိုင်ခဲ့တဲ့ အာဖရိကမှ အသက်အကြီးဆုံး ကလေးအမေဖြစ်ပြီး ဒါဟာ အလွန်ထူးခြားတဲ့ အောင်မြင်မှုဖြစ်ကြောင်း သူမကို ကိုယ်ဝန်စောင့်ရှောက် မွေးဖွားပေးတဲ့ ဒေါက်တာ အက်ဝပ်တမေးလ်ဆာလီက AFP ကို ပြောကြားခဲ့ပါတယ်။

 

အဆိုပါဆရာဝန် တည်ထောင်ထားတဲ့ အမျိုးသမီးဆေးရုံမှာ ကလေးအမေရော သားနဲ့သမီးရောပါ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ကျန်းမာရေးကောင်းမွန်နေပါတယ်။

 

အခုအချိန်မှာ ဘယ်လောက်ပျော်နေလဲဆိုတာကို မဖော်ပြနိုင်လောက်အောင်ပဲလို့ မာဆာကာကျေးလက်ဒေသမှာ နေထိုင်တဲ့ နာမူကွာယာက ပြောပြသွားပါတယ်။

 

အသက် ၇၀ အရွယ် အားနည်းလာတဲ့အချိန်၊ ကလေးမမွေးနိုင်တော့တဲ့အချိန်၊ ကလေးမစောင့်ရှောက်နိုင်တော့တဲ့ အချိန်ကျမှ အမွှာကလေး ၂ ယောက်ကို အံ့အားသင့်ဖွယ် မွေးဖွားနိုင်ခဲ့တယ်လို့ ပြောပြသွားပါတယ်။

 

သူမဟာ ၂၀၂၀ ခုနှစ်ကလည်း သမီးတစ်ယောက် မွေးဖွားခဲ့ပြီး ယခင်က ကလေးမမွေးနိုင်ခဲ့တဲ့အတွက် ကျိန်စာသင့်နေတယ်လို့ လှောင်ပြောင်ခံခဲ့ရပါတယ်။

 

သူမရဲ့အမျိုးသားက သူမဆေးရုံတက်ပြီးနောက်ပိုင်း လာမကြည့်ခဲ့ဘဲ ဗိုက်ထဲက ကလေးရဲ့တာဝန်ကို ယူရတော့မယ်ဆိုတာကို ယောက်ျားတွေက မသိချင်တဲ့အတွက် အမွှာမွေးတယ်ဆိုတာကို မပျော်တာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

 

#World_Health #အသက်(၇၀)အရွယ် #အမွှာကလေးနှစ်ယောက်မွေးဖွားနိုင် #Source: NDTV