Published 30 November 2023

အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ အစားအစာတွေဟာ အမေရိကန် လူနေမှုဘဝပုံစံ တစ်ခုဖြစ်ပြီး အမေရိကန် စားနပ်ရိက္ခာ လည်ပတ်မှုမှာ ၇၃ ရာခိုင်နှုန်းခန့် ပတ်သက်နေကာ ထိုအစားအစာတွေကနေ နေ့စဥ်ကယ်လိုရီ ၆၀ ရာခိုင်နှုန်းကျော် ရရှိနေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရှိရပါတယ်။

ထိုလေ့လာမှုကနေ အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ စားစရာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ ဆက်စပ်နေတဲ့ အထောက်အထားတွေ တွေ့ရှိထားကြောင်း ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဟယ်လန်ခရော့ကာက ပြောပြသွားပါတယ်။

အဆိုပါ အစားအစာမျိုးကို ၁၀ ရာခိုင်နှုန်း ပိုမိုစားသုံးတဲ့သူတွေဟာ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများနေပါတယ်။

ဒါ့အပြင် အစာရေမျိုကင်ဆာ ဖြစ်နိုင်ခြေကလည်း ၂၄ ရာခိုင်နှုန်းပိုများနေပါတယ်။

ကင်ဆာဖြစ်နိုင်ခြေ များပြားစေသလို အဝလွန်ခြင်းနဲ့လည်း သက်ဆိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိထားပါတယ်။

ထိုစားစရာတွေဟာ ဝယ်ယူရလွယ်ကူပြီး ဈေးသက်သာကာ အရသာရှိတာကြောင့် ပိုမိုစားသုံးဖြစ်ပြီး ကယ်လိုရီပိုများစေကြောင်း ဘရစ္စတိုလ်တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသား ဖာနန်ဒါမိုရဲလက်စ်ဘားစတိန်းက ပြောပြသွားပါတယ်။

ကင်ဆာဖြစ်နိုင်ခြေများရတဲ့ အကြောင်းအရင်းတွေက ထိုစားစရာတွေမှာ ပါဝင်တဲ့ စွဲလမ်းစေတဲ့အရာများ၊ သကြားမဟုတ်တဲ့ အချိုဓာတ်ပစ္စည်းများ၊ တာရှည်ခံပစ္စည်းများကြောင့် ဖြစ်ပါတယ်။

ဒီလိုမျိုး အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ စားစရာများနဲ့ ကင်ဆာဖြစ်နိုင်ခြေ များခြင်းတို့ကြား ဆက်စပ်မှုများကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်များ စားသုံးဖို့ ထောက်ပံ့အားပေးကြရမှာဖြစ်ကြောင်း ခရော့ကာက ပြောပြသွားပါတယ်။
Source: New York Post
#World_Health
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group