#World_Health
Published 27 November 2023


အသည်းအင်္ဂါဟာ အဆိပ်အတောက်တွေကို စွန့်ထုတ်ရာမှာ ကူညီပေးပြီး ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပါတယ်။

 

အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး သွေးကို အဆိပ်မဖြစ်အောင် သန့်စင်ပေးပါတယ်။

 

အဆီတွေကို ဖြိုခွဲရာမှာ အရေးပါတဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။

 

အလုံးစုံကျန်းမာရေးနဲ့ သက်ရှည်ခြင်းကို ထိန်းသိမ်းရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။

 

လူတွေရဲ့ နေ့စဥ်နေထိုင်စားသောက်မှု ပုံစံများကြောင့် အသည်းကို ထိခိုက်စေပြီး အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။

 

အသည်းအထူးကုပညာရှင် ဒေါက်တာ ဆိုင်ရက်အက်ဘီဖိလစ်က အသည်းကျန်းမာနေစေမယ့် နည်းလမ်းတွေကို ဖော်ပြသွားပါတယ်။

 

-        တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် ခပ်မြန်မြန်လမ်းလျှောက်ပါ။

 

-        တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်းပြေးပါ။

 

-        တစ်နေ့ကို သကြားမပါတဲ့ ကော်ဖီ ၃ ခွက်သောက်ပါ။

 

-        ဆေးလိပ်၊ အရက်ရှောင်ကြဥ်ပါ။

 

-        တစ်နေ့ကို အနည်းဆုံး ၇ နာရီအိပ်စက်ပါ။

 

-        ဆေးဖက်ဝင် ဖြည့်စွက်စာများ ရှောင်ကြဥ်ပါ။

 

-        အသည်းရောင် ဘီပိုးကာကွယ်ဆေး ထိုးနှံထားပါ။

 

-        သကြားနဲ့ အဆင့်ဆင့်ထုပ်ပိုးထားသော စားစရာများ လျှော့ချစားသုံးပါ။

 

-        အချိုဓာတ်ပါသော အဖျော်ယမကာများ ရှောင်ကြဥ်ပါ။

 

-        ကိုယ်အလေးချိန်ချပါ။

 

-        အသီးအရွက်များ၊ ကောက်ပဲသီးနှံများ၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီများပါဝင်တဲ့ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံကို စားသုံးပါ။

 

-        နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ အင်ဆူလင်ယဥ်ပါးခြင်း၊ အသည်းအဆီဖုံးခြင်းတို့ ရှိတဲ့သူတွေမှာ တစ်ပတ်ကို ကြက်ဥ ၅ လုံးစားပေးပါ။

 

-        အထက်ပါရောဂါများ မရှိသူတွေမှာ တစ်ပတ်ကို ၇ လုံးစားပေးပါ။

 

-        ဒိန်ချဥ်၊ တိုဖူးကဲ့သို့ အချဥ်ဖောက်ထားတဲ့ အစားအစာများ ထည့်သွင်းစားသုံးပေးပါ။

 

-        ဆရာဝန်များရဲ့ အကြံပြုချက်များကို နားထောင်ပါ။


 
အသည်းကျန်းမာနေစေရန် ကိုယ်အလေးချိန် သင့်တင့်ရန်လိုအပ်ပါတယ်။

 

#World_Health #အသည်းအင်္ဂါ #လိုက်နာသင့်သည့်အလေ့အထများ #Source: India Today