၆ နိုဝင်ဘာ ၂၀၂၃

အစ္စရေး-ဟားမာ့စ်စစ်ပွဲကြားထဲတွင် အရှေ့အလယ်ပိုင်းသို့  ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်ထားပြီ  ဖြစ်ကြောင်း အမေရိကန်က ကြေညာပါတယ်။ ဒါဟာ ဒေသအတွင်း ရန်ဘက်တွေ အထူးသဖြင့် အီရန်ကျောထောက် နောက်ခံပြုထားတာတွေကို တိုက်ရိုက်ရည်ညွှန်းတဲ့ လုပ်တောင့်လုပ်ခဲ ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။

အဆိုပါ ရေငုပ်သင်္ဘောမှာ ခေတ်မီ ပဲ့ထိန်းဒုံးကျည် ဒါမှမဟုတ် တိုမာဟော့ခ်ခရုစ်ဒုံးကျည်တွေကို တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။

အိုဟိုင်းအိုကလပ်စ် Ohio-class ရေငုပ်သင်္ဘောတစ်စီး အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်လာပြီဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းက  တနင်္ဂနွေနေ့မှာ ဆိုရှယ်မီဒီယာတွေကတစ်ဆင့်ကြေညာခဲ့ပါတယ်။ အမေရိကန်  နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန် အဆိုပါဒေသများသို့ ခရီးလှည့်လည်နေစဉ် ထိုကဲ့သို့လှုပ်ရှားလာခြင်းဖြစ်ပါတယ်။ ဘလင်ကန်ဟာ အစ္စရေး၊အနောက်ဘက်ကမ်းခြေ၊ တူရကီ၊အီရတ်၊ဂျော်ဒန်နှင့်ဆိုက်ပရပ်စ်နိုင်ငံတွေကို လှည့်လည်  သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုခရီးစဉ်ဟာ အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင်ကတည်းကဆိုရင် ဒုတိယမြောက်  ခရီးဖြစ်ပါတယ်။

အိုဟိုင်းအိုကလပ်စ်ဆိုတာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအမျိုးအစားတစ်ခုဖြစ်ပြီး Trident II D5 နျူးကလီး   ယားဒုံးကျည် ၂၄ခုအထိတင်ဆောင်နိုင်ပါတယ်။

အဲဒီရေငုပ်သင်္ဘောတွေဟာ ကိုယ်ပျောက်စွမ်းရည်ရှိပြီး ပင်လယ်ကြမ်းပြင်မှာ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်နိုင်တဲ့ အတွက် ရန်သူတွေ ထောက်လှမ်းလို့မရနိုင်တဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။

Source: WION

#israelhamaswar

#worldpolitics