၅ နိုဝင်ဘာ ၂၀၂၃

ဝါရှင်တန်အနေဖြင့် ဂါဇာအပစ်အခတ်ရပ်ရေးအကောင်အထည်မဖော်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆိုးရွားစွာထိခိုက်လိမ့်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။ အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရတစ်ပိုင်း သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ တက်စ်နင်က ရေးသားခဲ့တာဖြစ်ပါတယ်။

“ အမေရိကန်ကို ကျွန်တော်တို့အကြံပေးလိုတာက ဂါဇာမှာစစ်ပွဲတွေချက်ခြင်းရပ်ဖို့နှင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ပဲဖြစ်တယ်။ အဲသလိုမဟုတ်ရင် သူတို့ ဆိုးဆိုးရွားရွားထိခိုက်လိမ့်မယ်” လို့ အီရန် ကာကွယ်ရေးဝန်ကြီး မိုဟာမက်ရီဇာ အက်ရှ်တီယာနီက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟာမားစ်က အစ္စရေးကို မမျှော်လင့်ဘဲတိုက်ခိုက်ပီဲးနောက် အစ္စရေးဟာ စစ်သွေးကြွ အုပ်စုကို အနိုင်ရအောင်တိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

အီရန်က ဒီပဋိပက္ခမှာ အမေရိကန်ဟာ စစ်ရေးအရပါဝင်ပတ်သက်နေတယ်လို့  ယူဆသတ်မှတ်ထားပါတယ်။

Source : Reuters