Published_ 23 October 2023

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကွန်ဂရက်သို့ တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၈ လအတွင်း အမည်မသိအရာများ(UAP)နဲ့ အမည်မသိယာဥ်ပျံများ(UFO) တွေ့ရှိမှု ၂၇၀ ကျော်ကို အစိုးရထံတင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃၀ မှ ဧပြီ ၃၀ အတွင်း အာကာသမှ UAP တွေ့ရှိမှု အထောက်အထား မတွေ့ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

စစ်ဘက်ဆိုင်ရာ မျက်မြင်သက်သေများ တင်ပြထားရာမှာ စိုးရိမ်စရာများဖြစ်နေပြီး မြန်နှုန်းမြင့်ပျံသန်းတာမျိုးလည်း ရှိနေကြောင်း ဖော်ပြထားပါတယ်။

အရပ်ဘက်နဲ့ စစ်လေယာဥ်များအတွက် အန္တရာယ်ဖြစ်လောက်သည်အထိ မတွေ့ရပေမယ့် အာကာသထဲမှာ UAP ရှိနေရုံဖြင့် ကမ္ဘာမြေမှ ယာဥ်ပျံသန်းများအတွက် ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ တင်ပြထားပါတယ်။

စစ်မှုထမ်းတွေ၊ အခြေစိုက်စခန်းတွေ၊ တပ်ဆင်မှုတွေ၊ ကုန်းမြေ ကောင်းကင် ပင်လယ် အာကာသတို့ရှိ အမေရိကန်လုံခြုံရေးအပေါ် ကာကွယ်ခြင်းက အရေးအကြီးဆုံးဖြစ်ကြောင်း ပင်တဂွန် စာနယ်ဇင်းရှင်းလင်းပွဲ အတွင်းရေးမှူး ပတ်ရိုင်ဒါက ပြောပြခဲ့ပါတယ်။

သတ်မှတ်ထားတဲ့ အာကာသ၊ ကုန်းမြေ၊ ပင်လယ်၊ လေကြောင်း တစ်ခုချင်းစီမှာ ဖြစ်ပျက်နေတာတွေကို အလေးအနက်ထား စစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။

၂၀၁၉ မှ ၂၀၂၂ အတွင်းက တင်ပြချက်တွေထဲမှာ မပါဝင်ခဲ့တဲ့ တွေ့ရှိမှု ၁၇ ခုကိုလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။

အမေရိကန်က UAP နဲ့ UFOဖြစ်ရပ်များကို အလေးအနက်ထား လေ့လာနေပြီး နာဆာပညာရှင်အဖွဲ့ကလည်း အချက်အလက်တွေ ဘယ်လိုရရှိလဲဆိုတာကို သုံးသပ်နေကြပါတယ်။

UAP တွေဟာ ဂြိုဟ်သားတွေဖြစ်တယဆိုတဲ့ အထောက်အထား မတွေ့ထားဘူးလို့ စက်တင်ဘာလက ဖော်ပြခဲ့ပါတယ်။

ယခုနှစ်စက်တင်ဘာလမှာ နာဆာက UFO ရှာဖွေရေးမှာ ပူးပေါင်းပါဝင်လာပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times #Yangon_Media_Group